• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပစိဖိတ် မဟာမိတ်အဖွဲ့သည် တောင်ဘက် ဘုံဈေးအဖွဲ့နှင့် လက်တွဲပြီး နိုင်ငံစုံ ဝါဒကို လက်တွဲ ထိန်းသိမ်းကာကွယ်

(GMT+08:00) 2018-07-25 09:36:10

၁၃ ကြိမ်မြောက် ပစိဖိတ် မဟာမိတ်အဖွဲ့ ထိပ်သီး အစည်းအဝေးကို ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ မက္ကဆီကိုနိုင်ငံ၌ ကျင်းပခဲ့ကြောင်း၊ မဟာမိတ် အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များ ဖြစ်ကြသည့် မက္ကဆီကို သမ္မတ၊ ကိုလံဘီယာ သမ္မတ၊ ချီလီ သမ္မတနှင့် ပီရူး သမ္မတ တို့သည်၊ အမေရိကန် ကိုယ်စားပြုသော တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါးကာကွယ်ရေး ပြန်လည် ဦးမော့လာနေသည့် နိုင်ငံတကာ အခြေအနေတွင် ဒေသတွင်း တပြေးညီဖြစ်စဉ်နှင့် နိုင်ငံစုံဝါဒကို ထိန်းသိမ်းကာကွယ်ရေး ကိစ္စကို ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပစဉ် အတောအတွင်း ပစိဖိတ် မဟာမိတ်အဖွဲ့ --တောင်ဘက် ဘုံဈေးအဖွဲ့ ထိပ်သီးအစည်းအဝေးကိုလည်း ၂၄ ရက်နေ့က မက္ကဆီကိုနိုင်ငံတွင် ကျင်းပခဲ့ရာ၊ ဘရာဇီး သမ္မတ၊ ဥရုဂွေး သမ္မတနှင့် အာဂျင်တီးနား၊ ပါရာဂွေး ကိုယ်စားလှယ်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ ယင်းသည် ပစိဖိတ် မဟာမိတ်အဖွဲ့နှင့် တောင်ဘက် ဘုံဈေးအဖွဲ့ ဖြစ်သည့် လက်တင်အမေရိက၌ အရေးအကြီးဆုံးသော ဒေသဆိုင်ရာ တပြေးညီအဖွဲ့ နှစ်ဖွဲ့တို့ ပထမဆုံးအကြိမ် အဖြစ် ပူးတွဲ ထိပ်သီးအစည်းအဝေးကို ကျင်းပခြင်း ဖြစ်ကြောင်း၊ အစည်းအဝေး အပြီးတွင် မက္ကဆီကို သမ္မတ ပေညာက၊ အစည်းဝေး တက်ရောက်သူများသည် ကုန်သွယ်မှု တပြေးညီ ဖြစ်ရေးနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို စွဲကိုင်ရန် ဆန္ဒကို တင်ပြထားသည်ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio