• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ သက်ဆိုင်ရာမူဝါဒနှင့် အပြောအဆိုသည် တာဝန်ယူအသိ ရှိသင့်ဟု ဟွာချွင်ယဉ် ဆို

(GMT+08:00) 2018-07-21 11:07:31

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ မျက်မှောက် ကမ္ဘာ့ ပထမ အကြီးဆုံး နိုင်ငံ အဖြစ်ဖြင့် အမေရိကန်၏ သက်ဆိုင်ရာ မူဝါဒနှင့် အပြောအဆိုများတွင် အနည်းဆုံးအားဖြင့် တာဝန်ယူအသိ ရှိသင့်ကြောင်း၊ ကမ္ဘာကြီး ရှုပ်ထွေးရေး အတွက် မဟုတ်ဘဲ တည်ငြိမ်အေးချမ်းရေး အတွက် အကျိုးပြုရမည် ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

၎င်းက၊ အမေရိကန်သည် မျက်မှောက် ကမ္ဘာပေါ်တွင် အကြီးဆုံးသော မတည်ငြိမ် ဖွယ်ရာ အကြောင်းရပ် ဖြစ်လာပြီ ဖြစ်ပြီး အမေရိကန်၏ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဆောင်ရွက်မှုသည် မျက်မှောက် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနှင့် စည်းစနစ် အပေါ် အကြီးဆုံးသော ခြိမ်းခြောက်မှုပင် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio