• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ရှိ အမေရိကန် ကုမ္ပဏီများ အကျိုးအမြတ်များစွာ ရရှိ

(GMT+08:00) 2018-07-20 14:41:24

အမေရိကန် နိုင်ငံ ပုဒ်မ ၃၀၁ ကော်မတီသည် သြဂုတ်လ ၂၀ရက်နေ့မှ ၂၃ရက်နေ့အထိ ကြားနာစစ်ဆေးပွဲကို ကျင်းပမည် ဖြစ်ကြောင်း၊ ၄င်းကြားနာစစ်ဆေးပွဲတွင် အမေရိကန် အစိုးရမှ တင်ပြသည့် ၁၀ရာခိုင်နှုန်း အခွန်းတိုးကောက်ရန် ရှိသော တရုတ်ပြည်မှ တင်သွင်းသည့် ကန်ဒေါ်လာ ဘီလီယံ ၂၀၀ဖိုးရှိသော ကုန်ပစ္စည်းများ အမည်စာရင်းနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း၊ ထရန့် အစိုးရက တရုတ် ကုန်ပစ္စည်းများ အပေါ် အခွန် တိုးကောက်ခြင်း၏ ရည်ရွယ်ချက်မှာ တရုတ်ပြည်၏ တရားမျှတမှု မရှိသော ဆောင်ရွက်မှုနှင့် ကုန်သွယ်မှုများကို တုံ့ပြန်ရန် ဖြစ်ကြောင်း၊ အစိုးရ ထောက်ပံ့ကြေး အပါအဝင် တရုတ်ပြည်မှ ဆောင်ရွက်ချက်များသည် အမေရိကန်ကို ကြီးမားစွာ ဆုံးရှုံးနစ်နာစေခဲ့ကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

သို့သော် အမေရိကန် အစိုးရ၏ ပြောဆိုချက်သည် အဖြစ်မှန်နှင့် လုံးဝ မကိုက်ညီကြောင်း၊ ပထမဦးဆုံး အနေဖြင့် တရုတ်ပြည်၏ စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကြီးမားသော စားသုံးမှု ဈေးကွက်ကြောင့် အမေရိကန် ကုမ္ပဏီများ သည် တရုတ်ဈေးကွက်တွင် အောင်မြင်စွာ လုပ်ကိုင်ဆောင်ရွက်ပြီး အကျိုးအမြတ် များစွာ ရရှိခဲ့ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ဥပမာ ပြောရမည်ဆိုလျှင် ၁၉၈၄ခုနှစ်က အမေရိကန် Amphenol ကော်ပိုရေးရှင်းသည် တရုတ်ဈေးကွက်တွင် စတင် ဝင်ရောက်ခဲ့ကြောင်း၊ ၄င်းကုမ္ပဏီသည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံးသော Connectorနှင့် Cable Assemblyကို ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်ကြောင်း၊ ၂၀၀၈ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ ဆယ်နှစ်အတွင်း တရုတ်ဈေးကွက်တွင် ၄င်းကုမ္ပဏီ၏ ဝင်ငွေ ပမာဏမှာ အမေရိကန် ဒေါ်လာ သန်း ၅၆၀မှ ၂့၁ဘီလီယံ အထိ တိုးလာခဲ့ကြောင်း၊ တစ်ကမ္ဘာလုံးတွင် ၄င်းကုမ္ပဏီ၏ နှစ်စဉ် ပျမ်းမျှ ဝင်ငွေ တိုးနှုန်းမှာ ၉ရာခိုင်နှုန်းရှိကြောင်း၊ သို့သော် တရုတ်ဈေးကွက်တွင် ၄င်းတိုးနှုန်းမှာ ၁၆ရာခိုင်နှုန်း ရှိပြီး တစ်ကမ္ဘာလုံးတွင် တိုးနှုန်း၏ ၂ဆခန့်ရှိကြောင်း၊ လွန်ခဲ့သည့် ၁၀နှစ် အတွင်း တရုတ်ပြည်တွင် ၄င်းကုမ္ပဏီ၏ ဈေးကွက် ပိုင်ဆိုင်မှုနှုန်း အချိုးအစားသည် တစ်ကမ္ဘာလုံးတွင် ၄င်းကုမ္ပဏီ၏ ဈေးကွက်ပိုင်ဆိုင်မှုနှုန်း၏ ၁၇ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀အထိ တိုးလာခဲ့ကြောင်း၊ အကယ်၍ Amphenolအပြင်၊ အခြား အမေရိကန် ကော်ပိုရေးရှင်းများသည် တရုတ် ဈေးကွက်တွင် ကြီးမားသော အောင်မြင်မှု လည်းရရှိ ခဲ့ကြောင်း၊ တရုတ်ပြည်တွင် အမေရိကန် Corning  ကော်ပိုရေးရှင်း ထုတ်လုပ်သည့် Glass Substrate၏ ဈေးကွက် ပိုင်ဆိုင်မှုနှုန်းမှာ ရာခိုင်နှုန်း ၅၀ကျော် ရှိပြီ ဖြစ်ကြောင်း၊ ၂၀၁၇ခုနှစ်က ၄င်းကုမ္ပဏီ ထုတ်လုပ်သည့် မျိုးဆက် (8.5)နှင့် အထက် Glass Substrate၏ ဝင်ငွေ ပမာဏမှာ တရုတ် ယွမ်ငွေ ၅ဘီလီယံ ရှိပြီး တစ်ကမ္ဘာလုံးတွင် ၄င်းကုမ္ပဏီ၏ ဝင်ငွေ စုစုပေါင်းပမာဏ၏ ၂၂့၆ရာခိုင်နှုန်းရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

ဒုတိယ အချက်ကတော့ အလယ်ပိုင်းနှင့် အနောက်ပိုင်း ဒေသ အပါအဝင် တရုတ်ပြည်ရှိ ဖွံ့ဖြိုးမှု နည်းပါးသည့် ဒေသများတွင် နိုင်ငံခြား ကုမ္ပဏီများအား ဝင်ရောက် ရင်းနှီးမြှုပ်နှံရန်နှင့် ဦးစားပေး လုပ်ငန်းအချို့ကို လုပ်ကိုင်ရန် အားပေးထောက်ခံသည့် အနေဖြင့် တရုတ် ဒေသ အစိုးရများသည် ဖက်စပ်လုပ်ငန်းကုမ္ပဏီများအပေါ် ဘဏ္ဍာရေး၊ အခွန်၊ ငွေရင်း၊ မြေယာစသည့် နယ်ပယ်များတွင် ဦးစားပေး မူဝါဒများကို ကျင့်သုံးကြောင်း၊ ယင်းမူဝါဒနှင့် ငွေရင်းဆိုင်ရာ ကျားကန်ပေးမှုများသည် တရုတ်ပြည်တွင် လုပ်ကိုင်သော အမေရိကန် ကုမ္ပဏီများ အောင်မြင်မှု ရရှိရန် အတွက် အရေးကြီး တွန်းအားပေးမှု ဖြစ်ပြီး ၄င်းကုမ္ပဏီများ အကျိုးအမြတ် များစွာ ရရှိရန် အတွက် ရေသောက်မြစ် ဖြစ်ကြောင်းလည်း စီအာအိုင်က ဖော်ပြသည်။

၂၀၁၈ခုနှစ်တွင် တရုတ်ပြည်သည် အမေရိကန်ကို ကျော်လွန်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး စားသုံးမှု ဈေးကွက် ဖြစ်လာမည်ဟု ခန့်မှန်းရကြောင်း၊ ထရန့် အစိုးရသည် အမေရိကန်၏ အကျိုးစီးပွား ထိန်းသိမ်းကာကွယ်ရေးကို အကြောင်းပြပြီး တရုတ်ပြည် အပေါ် ကုန်သွယ်မှု စစ်ပွဲကို လှုံ့ဆော်နေကြောင်း၊ ၄င်းတစ်ဖက်သတ် ဆောင်ရွက်ချက် သည် တရုတ်ပြည်တွင် အကျိုးအမြတ် များစွာ ရရှိခဲ့သော အမေရိကန် ကုမ္ပဏီများ အတွက် အကျိုးရှိမည်ဟု ထင်မြင်ယူဆသူရှိမည် မဟုတ်ကြောင်း၊ ကုန်သွယ်မှု စစ်ပွဲသည် အပြန်အလှန် အကျိုးရရှိခြင်းကို ဆောင်ကြဉ်းမည် မဟုတ်ဘဲ နှစ်ဖက်စလုံး အပေါ် ဆုံးရှုံးနစ်နာမှု ဖြစ်စေမည်ပင် ဖြစ်ကြောင်း စီအာအိုင်က ဖော်ပြသည်။

   Webradio