• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံက WTO စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘူး ဆိုတဲ့ အမေရိကန်ရဲ့ ပြစ်တင် ပြောဆိုမှုကို ဟွာချွင်ယဉ် ချေပ

(GMT+08:00) 2018-07-18 09:36:59

တရုတ်နိုင်ငံက WTO စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘူး ဆိုတဲ့ အမေရိကန်ရဲ့ ပြစ်တင် ပြောဆိုမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တကယ်လို့ တရုတ်နိုင်ငံက WTO စည်းမျဉ်းစည်းကမ်းကို မလိုက်နာဘူး ဆိုရင် တရုတ်နိုင်ငံက ဘာဖြစ်လို့ WTO မှာ ပါဝင်ဖို့ ရွေးချယ်တာလဲ၊ ဘာဖြစ်လို့ WTO ပါဝင်ရေးဆိုင်ရာ ကတိပြုချက်များကို ဘက်စုံ လိုက်နာရတာလဲ၊ မကြာခင်က တရုတ်နိုင်ငံဟာ တရုတ်နဲ့ WTO စက္ကူဖြူစာတမ်းကို ထုတ်ပြန်ပြီး၊ အဖြစ်မှန်နဲ့ ဂဏန်းများနဲ့ တရုတ်နိုင်ငံက ကုန်စည် အခွန် လျှော့ချရေး၊ ဝန်ဆောင်မှုဆိုင်ရာ ကုန်သွယ်မှု တံခါးဖွင့်ရေးနဲ့ သွင်းကုန် ခွဲတမ်း စတဲ့ အခွန် မဟုတ်တဲ့ နယ်ပယ်မှ ဆောင်ရွက်မှုများမှာ ကတိပြုချက်များကို ဘက်စုံ လိုက်နာ ဖေါ်ဆောင်ပြီး ဖြစ်တာကို ပြသ ထားတယ်။ အမေရိကန် ကတော့ အမေရိကန်နိုင်ငံ တစ်နိုင်ငံတည်း အကျိုးစီးပွါးကို တစ်ကမ္ဘာလုံး အကျိုးစီးပွါး အထက်၌ ထားပြီး အမေရိကန်ရဲ့ ပြည်တွင်း စည်းမျဉ်းစည်းကမ်းကိုလည်း နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း အထက်၌ ထားနေတယ်။ WTO ထဲမှာ အမေရိကန်ရဲ့ တစ်ဖက်သတ် ဆောင်ရွက်မှုကို ထောက်ခံတဲ့ နိုင်ငံ တစ်စုံတစ်ခုမှ မရှိဘူး။ အမေရိကန် အနေနဲ့ WTO စည်းမျဉ်းစည်းကမ်းများကို လက်တွေ့ကျကျ လေးစား လိုက်နာနိုင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ ၁၇ ရက်နေ့က ကျင်းပတဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ စီအာအိုင် သတင်းအရ သိရပါတယ်။

   Webradio