• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌနှင့်တွေ့ဆုံ

(GMT+08:00) 2018-07-17 11:05:39

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌဂျင်ယုန်ကင်နှင့် ယခုလ ၁၆ ရက်နေ့က ပီကင်းတျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ကမ္ဘာ့ဘဏ်နှင့်ကြာရှည်ကောင်း မွန်သောပူးပေါင်းဆောင်ရွက်မှုရှိကြောင်း၊ ကမ္ဘာ့ဘဏ်သည် Belt and Road အဆိုပြုချက်ကို တက်ကြွစွာ ထောက်ခံခြင်း၊ ယခုနှစ်များတွင် အရင်းငွေတိုးပေးမှုနှင့် အစုရှယ်ယာပိုင်ဆိုင်ခွင့်ပြုပြင်ပြောင်းလဲရေးကိုတက်ကြွစွာတွန်းအားပေးခြင်းကို ချီးကျူးလို ပါကြောင်း ပြောကြားခဲ့သည်။

ဂျင်ယုန်ကင်က ကြာရှည်သောကာလတွင် ကမ္ဘာ့ဘဏ်အား တရုတ်နိုင်ငံထောက်ခံမှု ကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

   Webradio