• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00) 2018-07-17 10:55:56

        ၆ ရက်ကြာ ကျင်းပခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေးကို ယခုလ ၁၆ ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း၊ ဘက်အသီးသီးမှ ကိုယ်စားလှယ်များသည် အနာဂတ်တွင် ချုပ်ဆိုမည်ဖြစ်ပြီး ရေရှည်ငြိမ်းချမ်းရေးကို ရည်မှန်းထားသော ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်းကို ပိတ်ပွဲအခမ်းအနားတွင် ချုပ်ဆိုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        မြန်မာ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများမှ ကိုယ်စားလှယ် ၇၀၀ ကျော်တို့သည် ယင်း ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး နိုင်ငံရေး ကဏ္ဍမှ ၄ ချက် ၊ စီးပွားရေး ကဏ္ဍမှ၁ ချက် ၊ လူမှုရေး ကဏ္ဍမှ ၇ ချက် နှင့် မြေယာ နှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍမှ ၂ ချက်၊ စုစုပေါင်း သဘောတူညီချက် ၁၄ ချက်ကို ချုပ်ဆိုခဲ့ကြောင်း၊ အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် ၊ နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အစုအဖွဲ့ ၅ ဖွဲ့အလိုက် သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ယင်းစာချုပ်သည် ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်း(၂) ဖြစ်လာမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio