• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် ဂျီဒီပီ တိုးတက်နှုန်းမှာ ၆့ ၈ ရာခိုင်နှုန်း ရှိ

(GMT+08:00) 2018-07-17 09:19:53

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်နိုင်ငံ၏ ပြည်တွင်း ဂျီဒီပီ ပမာဏမှာ ယွမ် ၄၁၈၉၆့ ၁ ဘီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆့ ၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ ကုန်ဈေးနှုန်း တက်နှုန်းမှာ လျာထားချက် အတွင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ အလုပ်အကိုင် နေရာချထားရေး အခြေအနေမှာ မှန်မှန် တိုးတက်နေကြောင်း၊ ပြည်သူလူထု၏ လူတစ်ဦးချင်း ပျမ်းမျှ စားသုံးမှု သုံးငွေ ပမာဏ တိုးတက်လာကြောင်း၊ အရပ်ဘက် ငွေရင်းမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ငွေရင်းမြှုပ်နှံမှု ပမာဏမှာ ဦးမော့လာပြီ ဖြစ်ကြောင်း၊ စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေးနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းတွင် တိုးတက်မှုသစ် ရရှိပြီ ဖြစ်ကြောင်း တရုတ် နိုင်ငံတော် စာရင်းအင်း ဦးစီးဌာနမှ ယခုလ ၁၆ ရက်နေ့က ထုတ်ပြန်သော စာရင်းအရ သိရပါသည်။

တရုတ် နိုင်ငံတော်ကောင်စီ အတိုင်ပင်ခံရုံး အထူး သုတေသီ ယောင်ကျင်ယွမ်က၊ တရုတ်နိုင်ငံ၏ ဂျီဒီပီ တိုးတက်နှုန်းမှာ ၁၂ လ ဆက်တိုက် ၆့ ၇ ရာခိုင်နှုန်းနှင့် ၆့ ၉ ရာခိုင်နှုန်း ကြား၌ ရှိပြီး တရုတ်ပြည် စီးပွါးရေး မှန်မှန် တိုးတက် နေသည်ဟု ပြသပါကြောင်း၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းအတွင်း အလုပ်အကိုင်နေရာသစ်မှာ ၇၅ သိန်း ၂ သောင်း တိုးလာပြီး တစ်နှစ်တာလုံး အလုပ်အကိုင်နေရာသစ် စုစုပေါင်း ရည်မှန်းချက်၏ ၆၆့ ၈ ရာခိုင်နှုန်းကို ဖေါ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ယခုနှစ် နှစ်ဦးပိုင်းက ဝန်ကြီးချုပ်သည် ယခုနှစ် ကုန်ဈေးနှုန်း တက်နှုန်းကို ၃ ရာခိုင်နှုန်း ဝန်းကျင်အတွင်း ထိန်းချုပ်ရန် လျာထားချက် ချမှတ်ခဲ့ပြီး လက်ရှိ အချိန်တွင် ၂ ရာခိုင်နှုန်းသာ ရှိကြောင်း သုံးသပ်ထားပါသည်။

   Webradio