• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြင်သစ်အသင်း ဒုတိယအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဖြစ်

(GMT+08:00) 2018-07-16 10:27:39

၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို မနေ့ညက ပြင်သစ်အသင်းနဲ့ ခရိုအေရှအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက ခရိုအေရှအသင်းတို့(၄)ဂိုး(၂) ဂိုးဖြင့်နိုင်ပြီး ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပါတယ်။ အဆိုပါ ပွဲစဉ် တွင် နှစ်သင်းလုံးက အဓိက ကစားသမားအစုံအလင် ပွဲထွက်လာခဲ့ကြပေမယ့်  ပထမပိုင်း အစမှာ ဘောလုံးပိုင်ဆိုင်မှုအရ ခရိုအေရှက ပြင်သစ်အသင်းကို ပိုမို ဖိအားပေးနိုင်ခဲ့ပြီး ပြင်သစ်အသင်း ကစားကွက်တည်မရဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် (၁၈)မိနစ်လောက်မှာ ထောင့်ကန်ဘောကနေတစ်ဆင့် ခရိုအေရှတိုက်စစ်မှူးမန်ဆူကစ်ရဲ့ ကိုယ့်ဂိုးကိုယ်ပြန်သွင်း မိမှုကြောင့် ပြင်သစ်အသင်းဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ပြင်သစ်အသင်း ကစားကွက်ပြန်တည်ငြိမ်လာပြီး ပြိုင်ပွဲကတစ်ဘက်နဲ့တစ်ဘက်အပြန်အလှန်ရှိလာပါတယ်။ (၂၇)မိနစ်မှာ ပါရီဆစ်က ပြင်သစ်အသင်းဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းပြီး ခရိုအေရှ အသင်းအတွက် ချေပဂိုးပြန်ယူပေးခဲ့ပါတယ်။ ဒါပေမယ့် (၃၈)မိနစ်မှာ ခရိုအေရှအသင်းရဲ့ ဂိုးဧရိယာအတွင်းမှာ ပါရီဆစ် လက်ထိဘောဖြစ်ခဲ့တာကြောင့် ပင်နယ်တီပေးခဲ့ရာကာ အဆို ပါ ပင်နယ်တီကို ဂရစ်မန်းက သွင်းယူပြီး ပြင်သစ်အသင်းကို ဦးဆောင်စေခဲ့ပြန်ပါတယ်။

ပထမပိုင်းတွင် (၂)ဂိုး(၁)ဂိုးနဲ့ ပြီးစီးသွားခဲ့ပြီး ဒုတိယပိုင်းပြန်အစတွင် ခရိုအေရှ အသင်းဟာ ကစားအားကို မြှင့်တင်လာခဲ့ပြီး ချေပဂိုးတွေ ပြန်လည်ရရှိရေးရုန်းကန်လာခဲ့ ပါတယ်။ ပြင်သစ်အသင်းအနေနဲ့လည်း ဦးဆောင်ဂိုးရထားပေမယ့် တိုက်စစ်အားကို လျော့ ချမပစ်ပဲ တန်ပြန်တိုက်စစ်တွေနဲ့ကစားခဲ့ရာ (၅၉)မိနစ်မှာ ပေါ့ဘာ၊ (၆၅)မိနစ်မှာ အမ်ဘက်ပီ တို့က ပြင်သစ်အသင်းအတွက် ဂိုးတွေ ဆက်တိုက်သွင်းယူပေးခဲ့ပါတယ်။ ခရိုအေရှအသင်း ကတော့ ဘောလုံးပိုင်ဆိုင်မှုယူပြီး ပြင်သစ်အသင်းကို ဖိအားပေးနိုင်ခဲ့ပေမယ့် ပြင်သစ် နောက်တန်းရဲ့ ဖျက်ထုတ်မှု၊ ဂိုးသမားရဲ့ကာကွယ်မှု၊ တိုက်စစ်ကစားသမားတွေရဲ့ အခွင့် အရေးအသုံးမချနိုင်မှုတွေကြောင့် ချေပဂိုးရဖို့ရုန်းကန်ခဲ့ရပါတယ်။ (၆၉)မှာ ပြင်သစ်ဂိုး သမားရဲ့ ပေါ့ဆမှုကနေ မန်ဆူကစ် က ပိတ်သွင်းခဲ့ရာ ခရိုအေရှတို့ ချေပဂိုးတစ်ဂိုးရခဲ့ပါ တယ်။ ဒီနောက်ပိုင်းတော့ တစ်ဖက်နဲ့တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိတော့ပဲ (၄)ဂိုး (၂)ဂိုးနဲ့သာ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ပြင်သစ်အသင်းဟာ သူတို့ရဲ့ကမ္ဘာ့ ဖလားသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကြီးကို ကိုင်မြောက်နိုင်ခဲ့ပါ တယ်။ ပြင်သစ်အနေနဲ့ အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ ၁၉၉၈ခုနှစ်က ကမ္ဘာ့ဖလားချန်ပီယံ တစ်ကြိမ်ဖြစ်ထားပြီဖြစ်ပါတယ်။ ခရိုအေရှကတော့ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ရေး အိပ်မက်ပျက်ပြယ်ခဲ့ရပြီး ဒုတိယဆုအနေဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ ဒီအသင်း ဟာ ၁၉၉၈ခုနှစ်မှာလည်း တတိယတစ်ကြိမ် ရရှိထားပါတယ်။

ကမ္ဘာ့ပြိုင်ပွဲအပြီး သီးခြားထူးချွန်ဆုအနေနဲ့ ပြင်သစ်အသင်းမှ အမ်ဘက်ပီက ကမ္ဘာ့ဖလားအငယ်ဆုံး ဂိုးသွင်းရှင်ဆု၊ အင်္ဂလန်အသင်းမှ ဟယ်ရီကိန်းက ကမ္ဘာ့ဖလား ဂိုးသွင်းအများဆုံးရွှေဘောလုံးဆု၊ ခရိုအေရှမှ မိုဒရစ်က ကမ္ဘာ့ဖလားအကောင်းဆုံးကစား သမား ရွှေဘောလုံးဆုနဲ့ စပိန်အသင်းက အသန့်ရှင်းဆုံးဆု ရရှိခဲ့ကြပါတယ်။

   Webradio