• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘက်စုံ အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန် မြန်မာ ဘက်အသီးသီးတို့ ရှာကြံ

(GMT+08:00) 2018-07-16 10:15:22

မြန်မာနိုင်ငံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံ တတိယ အကြိမ် အစည်းအဝေးကို ယခုလ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ ဖိတ်ကြားချက်အရ ယခုလ ၁၄ ရက်နေ့က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သော၊ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် မပါဝင်သေးသော မြန်မာ မြောက်ပိုင်းဒေသ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့သည် နေပြည်တော်မှ ထွက်ခွါ သွားခဲ့ပါသည်။ ယခုအကြိမ်တွင် အထက်ပါ လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့သည် အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန် သဘောမတူသေးသော်လည်း သက်ဆိုင်ရာတို့သည် မြန်မာနိုင်ငံ၏ ရေရှည် ငြိမ်းချမ်းရေး အကောင်အထည် ဖေါ်ဆောင်ရန်အတွက် ကြိုးစားမြဲ ကြိုးစားနေလျက်ရှိသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

အထက်ပါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့တို့သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မချုပ်ဆို သေးသဖြင့် ပြည်ထောင်စု သဘောတူစာချုပ် သက်ဆိုင်ရာ အပိုဒ်များ ရေးဆွဲချမှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတွင် မပါဝင်ခြင်း ဖြစ်သည်။ သို့သော် ယင်းအတောအတွင်း ၄င်းတို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အသီးသီး တွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်ဟု သိရပါသည်။

   Webradio