• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သတ္တမအကြိမ် ကမ္ဘာ့ငြိမ်းချမ်းရေး ဖိုရမ် ဖွင့်လှစ်

(GMT+08:00) 2018-07-15 12:13:52

    သတ္တမအကြိမ် ကမ္ဘာ့ငြိမ်းချမ်းရေး ဖိုရမ်ကို ယခုလ ၁၄ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာ လုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားရာ တရုတ်ပြည်သည် နိုင်ငံ အသီးသီးနှင့် အတူ ရေရှည်ငြိမ်းချမ်းမှုနှင့် ကျယ်ပြန့်သော လုံခြုံမှု ရှိသည့် ကမ္ဘာနှင့် လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး အတွက် လက်တွဲ ကြိုးပမ်းပြီး လူသား ငြိမ်းချမ်းရေး လုပ်ငန်း တွန်းအားပေးရန် အတွက် ပိုမိုကြီးမားသည့် အကျိုးပြု စွမ်းဆောင်မှု ပြလုပ်လိုကြောင်း အလေးထားပြောကြားသည်။

ကမ္ဘာ့ငြိမ်းချမ်းရေး ဖိုရမ်သည် တရုတ်ပြည်မှ ဦးစီးကျင်းပသည့် ပထမဆုံး အစိုးရ မဟုတ်သော အဆင့်မြင့် နိုင်ငံတကာ လုံခြုံရေး ဖိုရမ် ဖြစ်ကြောင်း သိရသည်။

 

   Webradio