• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည် ပညာ မူပိုင်ခွင့် ဆန်းသစ်တီထွင်ရေး အရည်အချင်း မှန်မှန် တိုးတက်လာ

(GMT+08:00) 2018-07-11 09:58:05

တရုတ် နိုင်ငံတော် ပညာမူပိုင်ခွင့်ရေးရာ ဦးစီးဌာနက ယခုလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သော စာရင်းအရ၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်း အတွင်း တရုတ်ပြည် ပညာ မူပိုင်ခွင့် ဆန်းသစ်တီထွင်ရေးနှင့် အသုံးပြုရေး အရည်အချင်းမှာ မှန်မှန် တိုးတက်လာကြောင်း၊ အဓိက ပညာမူပိုင်ခွင့် ဆိုင်ရာ လျာထားချက် ကိန်းဂဏန်းများမှာ အသင့်အတင့် လျင်မြန်စွာ တိုးတက်လာကြောင်း၊ ဆန်းသစ်တီထွင်ရေး မူပိုင်ခွင့် လွှဲအပ်ခြင်းနှင့် ပိုင်ဆိုင်ခြင်း ပမာဏ အနက် ပြည်တွင်း၏ အချိုးအစားမှာ မှန်မှန် တိုးလာနေကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံသည် ဥပဒေ ကျင့်သုံးမှုကို အားဖြည့်ပြီး ပညာ မူပိုင်ခွင့် ထိန်းသိမ်း ကာကွယ်ရေး ပတ်ဝန်းကျင် တစ်ဆင့်တိုး ကောင်းမွန်လာအောင် ဆောင်ရွက် နေကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် နိုင်ငံတော် ပညာမူပိုင်ခွင့်ရေးရာ ဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟူဝင်ဟွေက၊ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ် ပြည်တွင်း မူပိုင်ခွင့် လွှဲအပ်ခြင်းနှင့် ပိုင်ဆိုင်ခြင်း ပမာဏမှာ လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၆့ ၅ ရာခိုင်နှုန်းနှင့် ၁၉့ ၅ ရာခိုင်နှုန်း အသီးသီး တိုးလာကြောင်း၊ မူပိုင်ခွင့် လွှဲအပ်ခြင်းနှင့် ပိုင်ဆိုင်ခြင်း ပမာဏ အနက် ပြည်တွင်း၏ အချိုးအစားမှာ မှန်မှန် တိုးတက်လာပြီး ၇၈့ ၈ ရာခိုင်နှုန်းနှင့် ၆၉ ရာခိုင်နှုန်းအထိ အသီးသီး ရှိပြီ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

   Webradio