• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား၊ အမေရိကန်တို့သည်၊ ၂ နိုင်ငံထိပ်သီးများတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ စာတမ်းများ လဲလှယ်

(GMT+08:00) 2018-07-10 11:28:23

      ရုရှားနိုင်ငံသမ္မတ၏ မီဒီယာရေးရာအတွင်းရေးမှူး Peskov က ရုရှားနှင့် အမေရိကန် တို့သည်၊ ၂ နိုင်ငံထပ်သီးများတွေ့ဆုံဆွေးနွေးမှုဆိုင်ရာ စာတမ်းများလဲလှယ်နေကြကြောင်း ယခုလ ၉ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

Peskov က ရုရှားနှင့် အမေရိကန်တို့သည်၊ ၂ နိုင်ငံထိပ်သီးများတွေ့ဆုံဆွေးနွေးမှု ဆိုင်ရာ စာတမ်းများလဲလှယ်နေကြောင်း၊ ယင်းစာတမ်းများတွင် မတူခြားနားသော အရေး ကိစ္စများအပေါ် သမ္မတ ၂ ဦးတို့၏ အခြေခံရပ်တည်ချက်များ ပါဝင်ကြောင်း ပြောကြားခဲ့ သည်ဟု တာ့စ်သတင်းဌာနမှ ၉ ရက်နေ့က ရေးသားဖော်ပြသည်။

ရုရှားသမ္မတပူတင်နှင့် အမေရိကန်သမ္မတထရန့်တို့သည်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖင်လန်နိုင်ငံ ဟယ်လဆင်ကီမြို့တော်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားသမ္မတမီဒီယာရေးရာဌာနမှ ဇွန်လ ၂၈ ရက်နေ့က ကြေညာခဲ့သည်ဟု သတင်း အရ သိရသည်။

   Webradio