• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် စတိုင်မိုင်ယာ တွေပဆုံ

(GMT+08:00) 2018-07-10 10:28:37

ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဘာလင်းမြို့ရှိ သမ္မတရုံး၌ ဂျာမဏီသမ္မတ စတိုင်မိုင်ယာနှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် လီခေ့ချန်က ဥက္ကဋ္ဌရှီကျင့်ဖိန်၏ သမ္မတ စတိုင်မိုင်ယာအား နှုတ်ခွန်ဆက်သခြင်းကို ဖော်ပြကြောင်း၊ တရုတ်ပြည်ဘက်သည် ဂျာမဏီနိုင်ငံနှင့် အဆင့်မြင့် ခေါင်းဆောင်များ ကူးလူးဆက်ဆံမှုကို ဆက်လက်ပြုလုပ်ပြီး နယ်ပယ်အသီးသီးတို့မှ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ကာ တူညီချက်များကိုရှာကြံ၊ ကွဲလွဲချက်များကိုဖယ်ထုတ်၍ တူညီသော အကျိုးစီးပွား အများဆုံးရရှိရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

        စတိုင်မိုင်ယာက မကြာခင်က ပြီးမြောက်အောင်မြင်စွာ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် ဂျာမဏီ-တရုတ် အစိုးရ ညှိနှိုင်းဆွေးနွေးပွဲတွင် ရရှိခဲ့သော အောင်ကျိုးရလဒ်များအပေါ် ဂုဏ်ပြုကြောင်း၊ မျက်မှောက်အခြေအနေတွင် ဂျာမဏီနှင့် တရုတ် နှစ်နိုင်ငံတို့သည် ကုန်သွယ်မှု နိုင်ငံကြီးအနေနှင့် လွတ်လတ်သော ကုန်သွယ်မှုကို ထိခိုက်သော လုပ်ရပ်ကို မမြင်လိုကြောင်း ပြောကြားသည်။

   Webradio