• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်နှင့် မာကယ် သတင်းစာရှင်းလင်းပွဲ ပြုပ်လုပ်

(GMT+08:00) 2018-07-10 10:28:13

        ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဂျာမဏီ ဝန်ကြီးချုပ် မာကယ်နှင့်အတူ ပဉ္စမအကြိမ်မြောက် တရုတ်-ဂျာမဏီ အစိုးရ ညှိနှိုင်းဆွေးနွေးပွဲ ဦးစီးကျင်းပပြီးနောက် ဘာလင်းမြို့ရှိ ဝန်ကြီးချုပ်ရုံး၌ ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ညှိနှိုင်းဆွေးနွေးပွဲတွင် ရရှိခဲ့သော အောင်ကျိုးရလဒ်များနှင့်ပတ်သက်ပြီး မေးမြန်းချက်များကို ဖြေကြားခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        လီခေ့ချန်က ယခုအကြိမ် တရုတ်-ဂျာမဏီ အစိုးရ ညှိနှိုင်းဆွေးနွေးရေးတွင် ကျယ်ပြန့်သော နယ်ပယ်များ၌ အောင်ကျိုးရလဒ် များစွာ ရရှိခဲ့ပြီး ရှေ့အလားအလာကို ရှေ့ရှုသော ပူးပေါင်းဆောင်ရွက်မှုသစ်ကို ဖန်တီးခဲ့ကြောင်း၊ တရုတ်ပြည်၏ တံခါးဖွင့်ဖြစ်စဉ်သစ် အကောင်အထည်ဖော်ဆောင်ရာတွင် တရုတ်နိုင်ငံသည် ဈေးကွက်ပတ်ဝန်းကျင် ပိုမိုကောင်းမွန်းလာအောင် ဆက်လက် ဆောင်ရွက်ပြီး ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို တိုးမြှင့်မည်ဖြစ်ကြောင်း၊ ဂျာမဏီဘက်အနေနှင့် ယင်းအခွင့်အလမ်းကို ရယူရန် တရုတ်ဘက်က ကြိုဆိုကြောင်း ပြောကြားသည်။

   Webradio