• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန် ဂျာမဏီသို့ ရောက်ရှိပြီး ခရီးလှည့်လည်မည်

(GMT+08:00) 2018-07-09 11:15:16

        ဒေသစံတော်ချိန် ဇူလိုင်လ ၈ ရက်နေ့ မွန်လွဲပိုင်းက ဂျာပဏီဝန်ကြီးချုပ် မာကယ်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အထူးလေယာဉ်ဖြင့် ဘေလင်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ၄င်းသည် မာကယ်နှင့်အတူ ပဉ္စမအကြိမ်မြောက် တရုတ်-ဂျာမဏီ အစိုးရ ညှိနှိုင်းဆွေးနွေးပွဲကို ဦးစီးကျင်းပမည့်အပြင် ဂျာမဏီနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ယင်းခရီးစဉ်အတောအတွင်း လီခေ့ချန်သည် မာကယ်နှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းစာရှင်းလင်းပွဲကို ပူးတွဲပြုလုပ်ကာ ၄င်းတို့ နှစ်ဦး၏ ရှေ့မှောက်တွင် တရုတ်-ဂျာမဏီ သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကိုလည်း ချုပ်ဆိုမည်ဖြစ်ကြောင်း၊ ထို့အပြင် လီခေ့ချန်သည် တရုတ်-ဂျာမဏီ စီးပွားရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက်ပြီး မိန်ခွန်းပြောကြားကာ တရုတ်-ဂျာမဏီ မောင်းသူမဲ့ မော်တော်ကား ပြပွဲကိုလည်း ကြည့်ရှုမည်ဖြစ်ကြောင်း၊ လီခေ့ချန်သည် ဂျာမဏီ သမ္မတ စတိုင်မိုင်ယာနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio