• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အခွန် တိုးကောက်ခြင်းသည် အမေရိကန် ကုမ္ပဏီများ၏ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ် တိုးစေနိုင်ဟု အမေရိကန် တတ်သိပညာရှင်များ ဆို

(GMT+08:00) 2018-07-09 09:51:34

ယခုလ ၆ ရက်နေ့ကစပြီး အမေရိကန်သည် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ပြီး ကုန်သွယ်ရေး စစ်ပွဲကို လှုံ့ဆော် ပြုလုပ်ခဲ့သည်။ ယင်းသည် အမေရိကန် ကုမ္ပဏီများနှင့် စားသုံးသူများ အပေါ် ကြီးမားသော ဂယက်ရိုက်ခတ်မှုများ ဖြစ်စေမည့် အပြင် နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ်သည်လည်း ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင် စေရမှာ ဖြစ်ပါသည်။ အမေရိကန် တတ်သိပညာရှင်များနှင့် ဂယက်ရိုက်ခတ်မှု ခံရသော လုပ်ငန်းကုမ္ပဏီများသည် ယင်းအပေါ် စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဝါရှင်တန်ရှိ တတ်သိပညာရှင်များအဖွဲ့ ပီတာစွန် နိုင်ငံတကာ စီးပွါးရေး သုတေသန ဌာနမှ ထုတ်ပြန်သော သုတေသန ရလဒ်အရ၊ ထရန့်အစိုးရက ပုဒ်မ ၃၀၁ အရ အခွန် တိုးကောက်ခြင်းသည် အမေရိကန်က တရုတ်ပြည်၏ အဆင့်မြင့် သိပံ္ပနည်းပညာ ဆိုင်ရာ ရည်မှန်းချက် အပေါ် စိုးရိမ်မကင်း ဖြစ်နေသဖြင့် ပြုလုပ်သော တုံ့ပြန်ဆောင်ရွက်ခြင်း ဖြစ်ပြီး အကျိုး သက်ရောက်မှု မရှိမည် မဟုတ်ကြောင်း၊ နိုင်ငံတကာ ကုန်ပစ္စည်း ဖြန့်ဖြူးမှု ချိတ်ဆက်ခြင်း တစ်ခုလုံးနှင့် အမေရိကန်၏ နည်းပညာ ယှဉ်ပြိုင်စွမ်းအားကို ထိခိုက်မည် ဖြစ်ကြောင်း၊ ထိခိုက်မှု အဓိက ခံရသူမှာ တရုတ် ပြည်တွင်း လုပ်ငန်းကုမ္ပဏီများ မဟုတ်ဘဲ တရုတ်ပြည်၌ လုပ်ငန်း လုပ်ကိုင်ပြီး အမေရိကန်သို့ ကုန်ပစ္စည်းများ ရောင်းချနေသော အမေရိကန်၊ ဥရောပနှင့် ဂျပန်မှ ကုမ္ပဏီကြီးများ ဖြစ်ကြောင်း သုံးသပ် ထားပါသည်။

   Webradio