• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲ လှုံ့ဆော် ပြုလုပ်ခြင်းသည် နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ချိတ်ဆက်ခြင်း တစ်ခုလုံးကို ထိခိုက်မည်ဟု ပညာရှင်များ ယူဆ

(GMT+08:00) 2018-07-09 09:46:20

ယခုလ ၆ ရက်နေ့ကစပြီး အမေရိကန်သည် အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံ တန်ဖိုးရှိ တရုတ်ကုန်ပစ္စည်းအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ပြီး ကုန်သွယ်ရေး စစ်ပွဲကို လှုံ့ဆော် ပြုလုပ်ခဲ့သည်။ တရုတ် စီးပွါးရေး ပညာရှင်များက၊ အမေရိကန်၏ လုပ်ရပ်သည် စီးပွါးရေး ဥပဒေသနှင့် မကိုက်ညီကြောင်း၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ချိတ်ဆက်ခြင်း တစ်ခုလုံးကို ထိခိုက်မည် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာ စီးပွါးကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု သုတေသနဌာန သုတေသီ မေရှင်ယုက၊ စီးပွါးရေး ရှုထောင့်အရ ကြည့်ပါက၊ အမေရိကန်က ကုန်သွယ်ရေးစစ်ပွဲကို လှုံ့ဆော် ပြုလုပ်ခြင်းသည် စီးပွါးရေးဆိုင်ရာ လော့ဂျစ် မကျကြောင်း၊ တရုတ်နှင့် အမေရိကန်အကြား အငြင်းပွါးမှုသည် လိုရင်းသဘောအားဖြင့် ဗိုလ်ကျစိုးမိုးရေးနိုင်ငံ ဖြစ်သည့် အမေရိကန်က ထွန်းသစ်စ နိုင်ငံကြီး ဖြစ်သည့် တရုတ်နိုင်ငံ အား ဟန့်တားမှု ပြုခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

ကုန်သွယ်ရေး ဝန်ကြီးဌာန လက်အောက်ခံ သုတေသန တံခွန်အသင်း နိုင်ငံတကာ ဈေးကွက် သုတေသနဌာန ဒုဌာနမှူး ပိုင်မင်က၊ ကမ္ဘာ့ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေသည့် ယနေ့ခေတ်တွင် အမေရိကန်က ကုန်သွယ်ရေး စစ်ပွဲ လှုံ့ဆော် ပြုလုပ်ခြင်းသည် နိုင်ငံတကာ ကုန်သွယ်ရေး စည်းစနစ်၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ချိတ်ဆက်ခြင်း တစ်ခုလုံး အပေါ် ဂယက်ရိုက်ခတ်မည် ဖြစ်ကြောင်း သုံးသပ်ထားပါသည်။

   Webradio