• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ၈ ကြိမ်မြောက်တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံစီးပွားကုန်သွယ်ရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00) 2018-07-08 10:53:40

      ဒေသစံတော်ချိန် ယခုလ ၇ ရက်နေ့နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီး ချုပ်လီခေ့ချန်သည် ဆိုဖီယာယဉ်ကျေးမှုနန်းတော်၌ အရှေ့အလယ်ဥရောပ ၁၆ နိုင်ငံမှ ခေါင်းဆောင်များနှင့်အတူ ၈ ကြိမ်မြောက် တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ စီးပွားကုန်သွယ်ရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

လီခေ့ချန်က တရုတ်-အရှေ့အလယ်ဥရောပနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုသည် ဘက်အသီးသီးတို့၏ အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နှင့်အရှေ့အလယ်ဥရောပနိုင်ငံများ ကုန်သွယ်မှုအတိုင်းအတာ အဆက်မပြတ်တိုးချဲ့ လာပြီး နှစ်ဖက်ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်စွာ တိုးတက်ကာ အခြေခံအဆောက်အဦ အပြန်အလှန်ဆက်သွယ်ခြင်းကို စနစ်တကျရှိရှိနှင့် တွန်းအားပေး၍ အပြန်အလှန်အကျိုးရှိ စေရေးနှင့် အတူအောင်နိုင်ရေးကို အကောာင်အထည်ဖေါ်ကြောင်း ပြောကြားသည်။

   Webradio