• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းဖူကျီခရီးသည်တင်သင်္ဘောတိမ်းမှောက်မှုနှင့်ပတ်သက်၍ ရှီကျင့်ဖိန်ညွှန်ကြား

(GMT+08:00) 2018-07-07 11:05:05

ယခုလ ၅ ရက်နေ့ညနေ၆နာရီ ၄၅မိနစ်အချိန်တွင် တရုတ်ခရီးသည်ကို တင်ဆောင် ထားသော သင်္ဘောနှစ်စင်းသည် ထိုင်းနိုင်ငံ ဖူကျီကျွန်းအနီးတဝိုက်ရှိပင်လယ်တွင် အထူးအားပြင်းသော မုန်တိုင်းကြုံတွေ့သောကြောင့် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း၊ ခုချိန်အထိ သင်္ဘောပေါ်ရှိတရုတ်ခရီးသည် ၁၂၇ ဦးအနက် ၁၆ဦးသေဆုံးပြီး ၃၃ဦးပျောက်ဆုံးကာ ၇၈ ဦးကယ်ဆယ်ရ၍ ဒေသခံဆေးရုံ၌ ကုသနေကြောင်း ဆင်ဟွာသတင်းအရသိရသည်။

တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် အရေးကြီးညွှန်ကြားချက်ပြု လုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံဆိုင်ရာတရုတ်သံရုံးနှင့်ကောင်စစ်ဝန်ရုံးတို့ အား လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ရန်၊  ထိုင်းနိုင်ငံအစိုးရနှင့်သက်ဆိုင်ရာဌာနအား ပျောက်ဆုံးသူများကို အားဖြည့်ကယ်ဆယ်ပြီး ဒဏ်ရာရသူများကို ကုသပေးရန် မှာကြားခဲ့သည်။

   Webradio