• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဘူလ်ဂေးရီးယားသို့ ရောက်ရှိ

(GMT+08:00) 2018-07-06 13:29:53

ဘူလ်ဂေးရီးယားဝန်ကြီးချုပ် Boyko Borissov၏ ဖိတ်ကြားချက်အရ ဒေသစံတော်ချိန် ဇူလိုင်လ ၅ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် အထူးလေယာဉ်ဖြင့် ဆိုဖီယာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ဘူလ်ဂေးရီးယား နိုင်ငံတွင် စတင်တရားဝင်ခရီးလှည့်လည်သည့်အပြင် သတ္တမအကြိမ်မြောက် တရုတ်-အရှေ့ အလယ် ဥရောပ နိုင်ငံတော် ခေါင်းဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဘူလ်ဂေးရီးယားနိုင်ငံတွင် ဝန်ကြီးချုပ် လီခေ့ချန်သည် ဘူလ်ဂေးရီးယားဝန်ကြီးချုပ် Borissov နှင့်တွေ့ဆုံမည်ဖြစ်ပြီး နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ်များချုပ်ဆိုပွဲသို့ တက်ရောက်၍ သတင်းထောက်များအား အတူတွေ့ဆုံမည်ဖြစ်ကာ သမ္မတ Radevနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio