• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန်နျူကလီးယားပြဿနာဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် စပ်လျဉ်း၍ ဝမ်ယိ ပြောကြား

(GMT+08:00) 2018-07-06 12:04:28

     ဒေသစံတော်ချိန် ဇူလိုင်လ ၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေး ဝန်ကြီးဝမ်ယိသည်၊ ဗီယင်နာ၌ သြစတြီးယားနိုင်ငံခြားရေးဝန်ကြီး Kneisslနှင့်အတူ သတင်းထောက်များအား တွေ့ဆုံခဲ့ရာ၌၊ ကျင်းပတော့မည့် အီရန် နျူကလီးယားပြဿနာ ဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသည်၊ အလွန်အချိန်မီ၍ အလွန်လိုအပ် ကြောင်း၊ ယင်းအစည်းအဝေးသည်၊ စည်းရုံးညီညွတ်ပြီး၊ ဘက်စုံသဘောတူစာချုပ်ကို ထိန်းသိမ်းလိုက်နာရန် သိသာထင်ရှားသော အချက်ပြနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

     ဆက်လက်၍ ဝမ်ယိက၊ အီရန်နျူကလီးယားပြဿနာသည်၊ အမေရိကန် တစ်ဖက် သတ် နှုတ်ထွက်ခဲ့ခြင်းကြောင့် မည်သည့်လမ်းသို့ သွားမည်နည်းဟူသော အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio