• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည်၊ ၇၂ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌနှင့် ကျူးဘား ဗဟိုအလုပ်သမားသမဂ္ဂ အတွင်းရေးမှူးချုပ်တို့နှင့် အသီးသီးတွေ့ဆုံ

(GMT+08:00) 2018-07-04 14:49:58

      တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊တရတ်    သံမန်ရေးရာလုပ်ငန်းကော်မရှင်ရုံး ဥက္ကဋ္ဌ ယန်ကျယ်ချီသည်၊ ယခုလ ၃ ရက်နေ့က ပီကင်းတွင် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ Miroslav Lajčák ၊ ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ ကျူးဘား ဗဟိုအလုပ်သမားသမဂ္ဂ အတွင်းရေးမှူးချုပ် Guilarte တို့နှင့် အသီးသီးတွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ Lajčák က၊ ကုလသမဂ္ဂလုပ်ငန်းများတွင် တရုတ်ပြည်မှ ပါဝင်သည့် အရေးကြီးအခန်းကဏ္ဍအပေါ် တန်ဖိုးထားချီးကျူးပြီး၊ တရုတ်နှင့်အတူ ဘက် ပေါင်းစုံနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်မှုများကို  အားဖြည့်ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

 Guilarte က  ကျူးဘားအနေနှင့်၊တရုတ်ဝိသေသထူးခြားချက်ပါရှိသည့် ဆိုရှယ်လစ် တည်ဆောက်ရေးတွင် ရရှိသည့် ကြီးမားသော အောင်မြင်မှုများအပေါ် အားကျမြတ်နိုးပြီး၊ တရုတ် ပြည်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး အောင်မြင်မှုအတွေ့အကြုံများကို အတုယူ လေ့လာလိုကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

 

   Webradio