• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာမည့် ၁၀ နှစ်အတွင်း ကမ္ဘာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အစီရင်ခံစာ ထုတ်ပြန်

(GMT+08:00) 2018-07-04 10:01:04

        စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့ (OECD ) နှင့် ကမ္ဘာ့ စားနပ်ရိက္ခာနှင့် လယ်ယာစိုက်ပျိုးရေးအဖွဲ့ (FAO) တို့သည် ယခုလ ၃ ရက်နေ့က ပါရီမြို့၌ နှစ်ပတ်လည် အစီရင်ခံစာကို ထုတ်ပြန်ပြီး လာမည့် ၁၀ နှစ်အတွင်း ကမ္ဘာ့ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုကို ခန့်မှန်းထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ၂၀၁၈-၂၀၂၇ လယ်ယာစိုက်ပျိုးရေး ရှေ့အလားအလာ ဟူသော အဆိုပါအစီရင်ခံစာကို အဆိုပါ အဖွဲ့ နှစ်ဖွဲ့တို့က ပူးတွဲ ရေးသားပြုစုသည်။ ယင်းအစီရင်ခံစာတွင် ကမ္ဘာပေါ်မှ လယ်ယာထွက်ပစ္စည်း အများစု၏ ထုတ်လုပ်မှု ပမာဏသည် တည်ငြိမ်စွာ တိုးများလာပြီး ဆန်စပါးအများစု၊ အသားများ၊ နို့အစားအစာများနှင့် ငါးတို့၏ ထုတ်လှုပ်မှုပမာဏသည် ၂၀၁၇ခုနှစ်တွင် စံချိန်သစ် တင်ပြီး ဆန်စပါး သိုလှောင်မှုပမာဏသည်လည်း သမိုင်းတွင် အများဆုံး ရောက်နေပြီဖြစ်ကြောင်း ရေးသားသည်။

   Webradio