• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လာဗ်ရို့ဗ်နှင့် ပွန်ပေအိုတို့ တယ်လီဖုန်ဖြင့် ဆက်သွယ်

(GMT+08:00) 2018-07-04 10:00:42

        ရုရှားနိုင်ငံခြားရေးဝန်ကြီး လာ့ဗ်ရို့ဗ်သည် ယခုလ ၃ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပေအိုနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ကျင်းပတော့မည် ရုရှား-အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံပွဲ ပြင်ဆင်ရေးလုပ်ငန်း၊ နှစ်ဖက်ဆက်ဆံမှု ရှေ့အလားအလာ၊ ဆီးရီးယား အကျပ်အတည်းနှင့် ကိုးရီးယား ကျွန်းဆွယ် အခြေအနေ စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုနေ့တွင် ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုနေ့တွင်ပင် လာဗ်ရို့ဗ်က မော်စကိုမြို့၌ အလည်အပတ်ရောက်ရှိလာသော အမေရိကန် လွှတ်တော်အမတ် ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ရာ နှစ်ဦးနှစ်ဖက်တို့သည် ကျင်းပတော့မည့် ရုရှား-အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံပွဲ ပြင်ဆင်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ရုရှားမီဒီယာမှ သတင်းအရ သိရပါသည်။

   Webradio