• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မလေးရှားအစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းပြီးဖြစ်

(GMT+08:00) 2018-07-03 12:14:28

မလေးရှားအစိုးရမှ နောက်ဆုံး အသိအမှတ်ပြုသော အစိုးရအဖွဲ့ဝန်ကြီး၁၃ဦးတို့သည် ဇူလိုင်လ ၂ရက်နေ့က ကွာလာလန်ဘူမြို့တော်ရှိ နိုင်ငံတော်နန်းတော်၌ ကျန်းသစ္စာကျိန်ဆိုခဲ့ ကြောင်း၊ ယင်းသည် မလေးရှား အထွေထွေရွေးကောက်ပွဲကျင်းပပြီးသည့်နောက်ပိုင်း ၂လ ကြာတွင် မာဟာသီယာဦးဆောင်သော အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းပြီးဖြစ်သည်ဟု ပြဆိုကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုနေ့တွင် မလေးရှားနိုင်ငံ ထိပ်သီးခေါင်းဆောင် ပဉ္စမမြောက် မူဟာမက် နှင့် မာဟာသီယာတို့သည် ကျန်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ကြကြောင်း၊ ဝန်ကြီး၁၃ဦး အနက် အများစုတို့သည် အာဏာရ Pakatan Harapanမှ အဖွဲ့ဝင်ပါတီများမှ အဖွဲ့ဝင်ဖြစ်ကြကြောင်း သတင်းရရှိပါသည်။

   Webradio