• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား-ကန် ဆက်ဆံမှုပြန်လည်ကောင်းမွန်လာခြင်း ပြောဆိုရန် အချိန်စောနေသေးဟု ရုရှားသမ္မတ၏ မီဒီယာရေးရာအတွင်းရေးမှူး ဆို

(GMT+08:00) 2018-07-03 11:21:11

      ရုရှားနိုင်ငံသမ္မတ၏ မီဒီယာရေးရာ အတွင်းရေးမှူး Dmitri Peskov က၊ ရုရှားနှင့် အမေရိကန်တို့အနေနှင့် နိုင်ငံရေးထိတွေ့ဆက်ဆံမှု အားဖြည့်ဆောင်ရွက်ခြင်းမှာ ဝမ်းမြောက် ဖွယ်ကောင်းသော အဖြစ်မှန်ဖြစ်သော်လည်း ရုရှား-အမေရိကန်ဆက်ဆံမှု ပြန်လည်ကောင်းမွန်လာခြင်းနှင့် စပ်လျဉ်း၍ ဝေဖန်ပြောဆိုရန် အချိန်စောနေသေးကြောင်း ယခုလ ၂ ရက်နေ့ က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

Dmitri Peskov က၊ ရုရှားနိုင်ငံတွင် အမေရိကန်လွှတ်တော်အဖွဲ့ဝင်များခရီး လှည့်လည်ခြင်းနှင့် စပ်လျဉ်း၍ မီဒီယာများအားထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည်၊ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ရုရှားနိုင်ငံတွင် ခရီးလှည့်လည်နေသည်ဟု သတင်းအရသိရသည်။

 

   Webradio