• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Belt and Road တ​ရား​ဥ​ပ​ဒေ​ စိုးမိုး​ရေး​ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဖိုရမ် ကျင်းပ

(GMT+08:00) 2018-07-03 11:20:31

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်တရားဥပဒေပညာအသင်းတို့မှ ပူးတွဲ ကျင်းပသည့် Belt and Road       တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံတကာဖိုရမ်ကို ယခုလ ၂ ရက်နေ့က ပီကင်းတွင် ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ်ဖိုရမ် သည်၊ Belt and Road တစ်လျှောက်ရှိနိုင်ငံများကြား တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဆက်မပြတ်တိုးတက်ရန် တွန်းအားပေးပြီး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးရန်အတွက် ကောင်းမွန်သော ဥပဒေစိုးမိုးရေးဆိုင်ရာအခြေအနေဖန်တီးပေးကာ၊ လူသားကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရန် အားကောင်းသော တွန်းအား ပေးရန်ဖြစ်သည်ဟု စီအာအိုင်သတင်းအရသိ ရသည်။

ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက၊ စည်းမျဉ်းဒေစိုးမိုးခြင်းသည်၊ Belt and Road ကမ္ဘာသို့ ရှေ့ရှုရန် ဝင်ခွင့်လက်မှတ် ဖြစ်သ လို၊ စိန်ခေါ်မှုရင်ဆိုင်ရန် လုံခြုံမှုအားမခံချက်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်ဟု သတင်း အရသိရသည်။

   Webradio