• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးသည် မြောက်ကိုးရီးယားနိုင်ငံ၌ ထပ်မံ ခရီးလှည့်လည်မည်

(GMT+08:00) 2018-07-03 11:04:04

        အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုင်က်-ပွမ်ပေအိုသည် ယခုလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ မြောက်ကိုးရီးယားနိုင်ငံ၌ ထပ်မံ ခရီးလှည့်လည်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်းကြီးဌာနက ယခုလ ၂ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နိုတေက ယခုလ ၂ ရက်နေ့က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ ပွန်ပေအိုသည် ပြုံယမ်းမြို့၌ မြောက်ကိုးရီးယားဘက်နှင့် ဆက်လက် ညှိနှိုင်းဆွေးနွေးပြီး အမေရိကန်-မြောက်ကိုးရီးယား ခေါင်းဆောင်များ စင်ကာပူ တွေ့ဆုံပွဲ၏ အောင်ကျိုးရလဒ်များကို အကောင်အထည် ဖော်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

   Webradio