• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် မြစိမ်းရောင် ဖွံ့ဖြိုးရေး အတွက် အကျိုးရှိသော ကုန်ဈေးနှုန်းစနစ်နှင့် မူဝါဒများ အခြေခံအားဖြင့် ဖြစ်တည်လာအောင် ဆောင်ရွက်မည်

(GMT+08:00) 2018-07-03 09:44:11

တရုတ်နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင်သည် မြစိမ်းရောင် ဖွံ့ဖြိုးရေး အတွက် အကျိုးရှိသော ကုန်ဈေးနှုန်းစနစ် ဆန်းသစ်ရေးနှင့် ပိုမို ပြည့်စုံ ကောင်းမွန်စေရေး စာတမ်းကို ယခုလ ၂ ရက်နေ့က ထုတ်ပြန်ပြီး၊ ရေဆိုးရေညစ် ပြန်လည် သန့်စင်ရေး၊ ရေချွေတာရေး၊ စွမ်းအင်ချွေတာရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် နယ်ပယ်များ၌ ဈေးနှုန်း ပြုပြင်ပြောင်းလဲရေး ဦးတည်ချက်များကို ချမှတ်ထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံသည် မြစိမ်းရောင် ဖွံ့ဖြိုးရေး အတွက် အကျိုးရှိသော ကုန်ဈေးနှုန်းစနစ်နှင့် မူဝါဒများ အခြေခံအားဖြင့် ဖြစ်တည်လာအောင် ဆောင်ရွက်မည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ပြီးပြည့်စုံသော စနစ်များ ထူထောင်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio