• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံနိုင်ငံများသည် တီထွင်ထုတ်လုပ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် စိတ်ဝင်စား

(GMT+08:00) 2018-07-02 15:33:00

အာဆီယံအဖွဲ့သည် ကမ္ဘာတွင် တက်သစ်စ စီးပွားရေးအုပ်စုများ၌ တစ်ခုအပါအဝင်ဖြစ်သဖြင့် သပ္ပံနည်းပညာဆိုင်ရာ အကျိုးများရရှိရန် ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှုကို တစ်နေ့ထက်တစ်နေ့ စိတ်ဝင်စားလာကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရသိရပါသည်။

ဇွန်လ၂၉ရက်နေ့မှ ၃၀ရက်နေ့အထိ တရုတ်-အာဆီယံစက်မှုလုပ်ငန်း ဒီဇိုင်းရေးဆွဲခြင်းနှင့် ဆန်သစ်တီထွင်ခြင်း နိုင်ငံတကာ ဖိုရမ်ကို ကွမ်ရှီးပြည်နယ်၌ ကျင်းပခဲ့ကြောင်း၊ထိုင်းနိုင်ငံ ဘဏ္ဍရေးဝန်ကြီးဌာန ဒုဝန်ကြီး နာရူမွန်က ထိုင်းနိုင်ငံသည် ယခုအခါ ထိုင်း4.0မဟာဗျူဟာကျင့်သုံးနေကြောင်း၊ အရှေ့ပိုင်းစီးပွားရေးစင်္ကြံသည် ၎င်းမဟာဗျူဟာ၏ အရေးအကြီးဆုံးသော စီမံကိန်းဖြစ်ကြောင်း၊ နောက်အခါတွင် ဆန်းသစ်တီထွင်ခြင်းနှင့် စမတ်ထုတ်လုပ်မှုဘက်တွင် ပိုမိုများပြားသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် မျှော်လင့်နေကြောင်း ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio