• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိမ်ရှင်ရုရှားနှင့် ခရိုအေရှတို့ ကွာတားဖိုင်နယ်တက်ရောက်

(GMT+08:00) 2018-07-02 11:57:15

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့(၁၆)သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို မနေ့ညက ဆက်လက် ယှဉ်ပြိုင်ကစားခဲ့ကြရာမှာ အိမ်ရှင်ရှုရှားအသင်းနှင့် စပိန်အသင်းတို့ပွဲစဉ်မှာ (၄)ဂိုး(၃)ဂိုးဖြင့် နိုင်ပြီး နောက်တစ်ဆင့်ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ အိမ်ရှင်ရုရှား အသင်းနှင့် စပိန်အသင်းတို့ဟာ သာမန်ပွဲကစားချိန် မိနစ်(၉၀)တွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျနေခဲ့ပြီး နောက်ထပ်မိနစ်(၃၀) အချိန်ပိုကစားခဲ့ရာတွင်လည်း တစ်ဖက်နှင့် တစ်ဖက် ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် နောက်ဆုံး ပင်နယ်တီ အဆုံးအဖြတ် ရယူခဲ့ရပါတယ်။ ပယ်နယ်တီအဆုံးအဖြတ်မှာတော့ ရုရှားက (၄)ဂိုးသွင်းယူနိုင်ခဲ့ပြီး စပိန် အသင်းက (၃)ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် အိမ်ရှင်ရုရှားအသင်းက (၄)ဂိုး (၃)ဂိုးဖြင့် အနိုင်ရကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အိမ်ရှင်ရုရှားအသင်း အနေနဲ့ ပထမဆုံးအကြိမ်ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ညဥ့်နက်ပိုင်းမှာကစားတဲ့ ခရိုအေရှနှင့် ဒိန်းမတ်တို့ပွဲစဉ်မှာလည်း သာမန်ပွဲကစား ချိန်အတွင်းမှာ တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေခဲ့ပြီး အချိန်ပိုကစားခဲ့သော်လည်း ဂိုးသွင်း ယူနိုင်ခြင်းမရှိခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ရယူခဲ့ရာမှာတော့ ခရိုအေရှအသင်း က ဒိန်းမတ်အသင်းကို (၃)ဂိုး(၂)ဂိုးဖြင့်နိုင်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက် နိုင်ခဲ့ပါတယ်။ ခရိုအေရှအသင်းဟာ ၂၀၀၂၊ ၂၀၀၆နှင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ အုပ်စုအဆင့်မှ လှည့်ပြန်ခဲ့ပြီး ၁၉၉၈ခုနှစ်မှာ တတိယဆုရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ရှင် ရုရှား၊ ခရိုအေရှ၊ ပြင်သစ်နှင့် ဥရုဂွေးအသင်းတို့ ကွာတားဖိုင်နယ်ကို တက်ရောက်ထား ကြပြီးဖြစ်ပါတယ်။

ဒီကနေ့ညမှာလည်း (၁၆)သင်းရှုံးထွက်အဆင့် ပွဲစဉ်တွေအဖြစ် မြန်မာစံတော်ချိန် ည (၈)နာရီခွဲမှာ ဘရာဇီးနှင့် မက္ကစီကို၊ ည (၁၂)နာရီခွဲမှာ ဘယ်လ်ဂျီယံနှင့် ဂျပန်အသင်းတို့ ကစားသွားကြမှာဖြစ်ပါတယ်။

   Webradio