• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင် အမိနိုင်ငံရင်ခွင်သို့ ပြန်လည်ဝင်ရောက်သည်မှာ ၂၁ နှစ် ပြည့်ပြီ

(GMT+08:00) 2018-07-02 09:27:22

ဇူလိုင်လ ၁ ရက်နေ့သည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသက အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည်ဝင်ရောက်ခဲ့သည့် ၂၁ နှစ် ပြည့်မြောက်နေ့ ဖြစ်သည်။ ယင်းနေ့၌ ကျင်းပသော အထိမ်းအမှတ် အခမ်းအနားတွင်၊ ဟောင်ကောင်ရှိ တရုတ် ဗဟို ပြည်သူ့အစိုးရ ရုံးဥက္ကဋ္ဌ ဝမ်ကြည့်မင်က၊ အုပ်ချုပ်ရေးမှူး လမ်ချင်ယွယ်နို ဦးဆောင်သော ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ အစိုးရသည် အာဏာကျင့်သုံးခြင်းမှာ တစ်နှစ် ပြည့်နေပြီ ဖြစ်ပြီး ဟောင်ကောင် လူမှုရေး အခြေအနေမှာ မှန်မှန် တိုးတက်လာနေကြောင်း၊ ယင်းအပေါ် ဗဟိုအစိုးရက ချီးကျူးပြီး ဟောင်ကောင် လုပ်ငန်းပေါင်းစုံတို့ ကျယ်ကျယ့်ပြန့်ပြန့် ထောက်ခံကာ ပြည်မကြီးမှ ပြည်သူများ၏ ချီးကျူးမှုလည်း များစွာ ရရှိကြောင်း ပြောကြားပါသည်။

၁ ရက်နေ့ ညနေပိုင်းက ကျင်းပသော အထိမ်းအမှတ် အခမ်းအနားတွင် အုပ်ချုပ်ရေးမှူး လမ်ချင်ယွယ်နိုက၊ ဟောင်ကောင် အမိနိုင်ငံ ရင်ခွင်သို့ ပြန်လည် ဝင်ရောက်သည့် ၂၁ နှစ် အတွင်း အထူးအုပ်ချုပ်ရေးဒေသ အစိုးရသည် တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး၊ ဟောင်ကောင်ကို ဟောင်ကောင်သူ ဟောင်ကောင်သားများ စီမံအုပ်ချုပ်ရေးနှင့် အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေး စနစ်များကို အောင်မြင်စွာ အကောင်အထည် ဖေါ်ဆောင်ပြီး ဟောင်ကောင်ကို အာရှ အပါအဝင် ကမ္ဘာကြီး၌ အားသာချက် ရှိစေသည့်အပြင် နိုင်ငံတကာ ငွေကြေး အချက်အချာ နေရာကိုလည်း ထိန်းသိမ်းနိုင်ခဲ့ကြောင်း ပြောကြားပါသည်။

   Webradio