• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် မြန်မာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တွေ့ဆုံ

(GMT+08:00) 2018-06-29 10:10:20

        တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယခုလ ၂၈ ရက်နေ့က ပီကင်းမြို့၌ အလည်အပတ်ရောက်ရှိလာသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်-မြန်မာ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုသည် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ တရုတ်ပြည်ဘက်သည် နှစ်နိုင်ငံ ခေါင်းဆောင်များ ဆက်ဆံမှုကို ဆက်လက်ပြုလုပ်ပြီး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ တည်ဆောက်ရေးကို တွန်းအား ပေးလိုကြောင်း၊ တရုတ်ပြည်ဘက်သည် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်မှုကို ထောက်ခံပြီး ငြိမ်ချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ရန် ဆက်လက် တွန်းအားပေးလိုကြောင်း၊ နှစ်နိုင်ငံတို့သည် နယ်စပ်ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေးကို ထိရောက်စွာ ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း၊ မြန်မာနှင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံတို့အနေနှင့် ချစ်ခင်စွာ ညှိနှိုင်းဆွေးနွေးမှုဖြင့် ရခိုင်ပြည်နယ် ပြဿနာကို ကောင်းမွန်သင့်လျော်စွာ ဖြေရှင်းနိုင်ရန်အတွက် တရုတ်ပြည်ဘက်က ထောက်ခံပြီး လိုအပ်သော ကူညီမှုကိုလည်း ဆက်လည်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

        ဦးကျော်တင့်ဆွေက မြန်မာဘက်သည်  တရုတ်ပြည်ဘက်နှင့် မဟာဗျူဟာ တစ်ဆင့်တိုး ကူးလူးဖလှယ်ပြီး နယ်စပ်ဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်လိုပါကြောင်း ပြောကြားသည်။

   Webradio