• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ပင်လယ် ဘက်အသီးသီးတို့ ဆောင်ရွက်ရေးကြေညာချက်ကို ဖော်ဆောင်ခြင်း ဆိုင်ရာ ၁၅ကြိမ်မြောက် အဆင့်မြင့်အရာရှိများအစည်းအဝေးကို ကျင်းပ

(GMT+08:00) 2018-06-28 15:37:20

ဇွန်လ ၂၅ရက်နေ့မှ ၂၇ရက်နေ့အထိ တရုတ်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၁နိုင်ငံတို့ သည် တရုတ်ပြည် ဟုနန်ပြည်နယ် ချောင်ရှားမြို့တွင် တောင်ပင်လယ် ဘက်အသီးသီးတို့ ဆောင်ရွက်ရေး ကြေညာချက်ကို ဖော်ဆောင်ခြင်းဆိုင်ရာ ၁၅ကြိမ်မြောက် အဆင့်မြင့် အရာရှိများအစည်းအဝေးနှင့် ၂၄ကြိမ်မြောက် ပူးတွဲလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ခွန်ရွှမ်းယုသည် တရုတ်အဆင့်မြင့်အရာရှိအနေနှင့် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး တက်ရောက် ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းအစည်အဝေးတွင် အဆိုပါကြေညာချက်ကိုဖော်ဆောင်ခြင်း၊ ပင်လယ်ပေါ် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ခြင်း၊ တောင်ပင်လယ် ဆောင်ရွက်ချက်အခြေခံမူဆိုင်ရာ ဆွေးနွေးခြင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းပြီး နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြောင်း၊ အောင်မြင်မှုများလည်း ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio