• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လိကျန့်စူးသည် မြန်မာပြည်ထောင်စုလွှတ်တော်နာယက၊အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်တွေ့ဆုံ

(GMT+08:00) 2018-06-28 10:33:55

        တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ လိကျန့်စူးသည် ယခုလ ၂၆ ရက်နေ့က ပြည်သူ့ခန်းမဆောင်ကြီး၌ အလည်အပတ်ရောက်ရှိလာသော  မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုသို့ တွေ့ဆုံရာတွင် လိကျန့်စူးက လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် မြန်မာခေါင်းဆောင်များသည် မဟာဗျူဟာဘက်တွင် ကြိမ်ဖန်များစွာ နက်နက်ရှိုင်းရှိုင်း အမြင်ချင်းဖလှယ်ပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းညွှန်ပေးခဲ့ကြောင်း ပြောကြားသည်။

       မြန်မာနိုင်ငံပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းကလည်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းကောင်းဆက်ဆံမှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူပြည်သားများ အကျိုးဆောင်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက်လည်း အကျိုးရှိကြောင်း ပြောကြားသည်။

   Webradio