• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံခြား ဘဏ်လုပ်ငန်းများ တရုတ်ပြည်၏ဈေးကွက် အပေါ် အကောင်းဘက်မှ ရှုမြင်လို

(GMT+08:00) 2018-06-28 09:27:50

ယခုနှစ် ဧပြီလ အလယ်ပိုင်းတွင် တရုတ်နိုင်ငံသည် ငွေကြေးလုပ်ငန်း တံခါး ဖွင့်ရေး ဆိုင်ရာ ဆောင်ရွက်မှု ၁၂ ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ နိုင်ငံခြား ဘဏ်လုပ်ငန်းများသည် တရုတ်ပြည်၏ ဈေးကွက်အပေါ် အကောင်းဘက်မှ ရှုမြင်လိုသည်ဟု ဖေါ်ပြပြီး လုပ်ငန်း စီမံကိန်းများကို စတင် ရေးဆွဲ ချမှတ်နေပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် ဘဏ် အာမခံလုပ်ငန်း  ကြီးကြပ် စီမံအုပ်ချုပ်ရေး ကော်မတီမှ ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင်၊ DBS ဘဏ်၏ တရုတ်ပြည်ဆိုင်ရာ ထိပ်တမ်း အမှုဆောင် အရာရှိ ကေကမ်ညိုက၊ DBS ဘဏ်သည် တရုတ်ပြည်၌ တရုတ်ပြည်နှင့် ဖက်စပ် လုပ်ကိုင်သော စတော့ရှယ်ယာ ကုမ္ပဏီကို ထားရှိရန် စီစဉ်နေကြောင်း၊ နိုင်ငံခြား ငွေရင်းဖြင့် လုပ်ကိုင်သော ဘဏ်လုပ်ငန်းသည် တရုတ်ပြည်၌ အလားအလာ ကောင်းမွန်ကြောင်း ပြောကြားပါသည်။

DBS ဘဏ်သည် စင်ကာပူနိုင်ငံ၏ အကြီးဆုံးဘဏ်နှင့် အာရှ၌ ဦးစီးနေရာ၌ တည်ရှိနေသော ငွေကြေး ဝန်ဆောင်မှု အုပ်စု ဖြစ်ပါသည်။

ယင်းမတိုင်မီက မနည်းသော နိုင်ငံခြား ငွေရေးကြေးရေး ဌာနများသည် တရုတ်ပြည်၌ လုပ်ငန်းဆောင်ရွက်ရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ ဥပမာ ဆိုရလျှင် ရှာ့မင်မြို့ ကျင်းမေရှင့် ကုန်စည် စားသုံးမှု ငွေကြေးလုပ်ငန်း ကုမ္ပဏီသည် တရုတ် ဘဏ် အာမခံလုပ်ငန်း  ကြီးကြပ် စီမံအုပ်ချုပ်ရေး ကော်မတီမှ တရားဝင် ခွင့်ပြုချက် ရရှိပြီး ဖြစ်ပြီး ယင်းသည် ပထမဦးဆုံး ခွင့်ပြုချက် ရရှိသော ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ဖက်စပ် လုပ်ကိုင်သော ကုန်စည်စားသုံးမှု ငွေကြေး လုပ်ငန်း ကုမ္ပဏီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio