• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Beijing Normal University Emerging Market Institute (EMT) တွင် ဘွဲ့နှင်း သဘင်အခမ်းအနားကျင်းပ

(GMT+08:00) 2018-06-27 15:03:01

ယနေ့၊ဇွန်လ(၂၇)ရက်နေ့တွင် Beijing Normal University Emerging Market  Institute(EMT) ၌ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပရာ အခမ်းအနားသို့ ပါမောက္ခချုပ် နှင့်ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ၊ဧည့်သည်တော်များ တက်ရောက် ကြပြီး၊နိုင်ငံခြားပညာတော်သင်ကျောင်းသား/ကျောင်းသူစုစုပေါင်း(၄၅)ဦးတို့ကို MBA  ဘွဲ့

ပေးအပ်ခဲ့ပါတယ်။တရုတ်ပညာရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စာရင်းအရ(၂၀၁၇)ခုနှစ်၊နှစ်ကုန်အထိနိုင်ငံခြားပညာတော်သင်ဦးရေ(၅)သိန်းခန့်တရုတ်နိုင်ငံရဲ့တက္ကသိုလ်၊ကောလိပ် ကျောင်းများမှာပညာသင်ကြားလျှက်ရှိပါတယ်။အဲ့ဒိထဲကမှBelt and road တလျှောက်ရှိ နိုင်ငံနဲ့ ဒေသများမှပညာတော်သင်ဦးရေဟာ (၃)သိန်း(၂)သောင်းခန့် ရှိပြီးတရုတ်ပြည် မှာ လာရောက်ပညာသင်ကြားနေတဲ့ကျောင်းသားဦးရေရဲ့(၆၀)ရာခိုင်နှုန်းရှိကြောင်းသိရပါ တယ်။တရုတ်ပြည်ဟာ ပညာတော်သင်ဦးရေအဆက်မပြတ်တိုးချဲ့အောင် ဆောင်ရွက်လျှက်ရှိပြီးအာရှတိုက်မှာပညာတော်သင်ဦးရေအများဆုံးသောနိုင်ငံဖြစ်လာပြီ

ဖြစ်ပါတယ်။

၂၀၁၇၊ခုနှစ်မှာကမ္ဘာ့ဒေသအရပ်ရပ်မှပညာတော်သင်ကျောင်းသား(၅)သောင်း(၈)ထောင်

ကျော်ဟာတရုတ်အစိုးရရဲ့ပညာသင်စကော်လာရရှိပြီးတရုတ်ပညာတော်သင်ကျောင်းသားဦးရေရဲ့(၁၀)ရာခိုင်နှုန်းကျော်ရှိတယ်လို့သိရပါတယ်။

   Webradio