• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဇင်ဘာဘွေ သမ္မတ၏ မဲဆွယ်စည်းရုံးပွဲတွင် ဗုံးဖေါက်ခွဲမှုကို ကုလ ပြစ်တင်ရှုတ်ချ

(GMT+08:00) 2018-06-25 09:22:07

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်သည် ယခုလ ၂၄ ရက်နေ့က ၄င်း၏ ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ပြီး ယခုလ ၂၃ ရက်နေ့က ဇင်ဘာဘွေ သမ္မတ၏ မဲဆွယ်စည်းရုံးပွဲတွင် ဖြစ်ပွါးခဲ့သော ဗုံးဖေါက်ခွဲမှုကို ပြစ်တင် ရှုတ်ချ ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ယခုလ ၂၃ ရက်နေ့က ဘူလာဝါယိုမြို့၌ ဇင်ဘာဘွေ သမ္မတ မနမ်ဂါဂ်ဝါ၏ မဲဆွယ် စည်းရုံးပွဲ တစ်ခုတွင် ဗုံးဖေါက်ခွဲမှု ဖြစ်ပွါးခဲ့ရာ ဒုသမ္မတ မိုဟာဒီ အပါအဝင် အရာရှိများနှင့် အရပ်သူအရပ်သားများ ဒဏ်ရာ ရရှိခဲ့ကြောင်း၊  သမ္မတ မနမ်ဂါဂ်ဝါ ဒဏ်ရာ ရရှိခြင်း မရှိကြောင်း သတင်းရရှိပါသည်။

   Webradio