• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှ အမေရိကန်နှုတ်ထွက်ခြင်း နိုင်ငံတကာမိသားစုကြီး အာရုံစိုက်ကြ

(GMT+08:00) 2018-06-22 10:41:57

     ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ် ဟယ်လီက၊ ယခုလ ၁၉ ရက်နေ့က ဝါရှင်တန်မြို့တော်၌ အမေရိကန်အနေနှင့်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ မှ နှုတ်ထွက်သည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းကောင်စီသည်၊ အစ္စရေးအပေါ် တစ်ဖက်သတ်တစ်ယူသန်အမြင်ထားရှိကြောင်းနှင့် လူ့အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းအပေါ် နိုင်ငံတကာ မိသားစုကြီးက အလွန်အာရုံစိုက်ပြီး၊ နိုင်ငံများစွာမှ ခေါင်းဆောင်များ၊ အစိုးရများသည်၊ ကြေညာချက်ထုတ်ပြန်ခဲ့ရာ၊ အမေရိကန်၏ ယင်းလုပ်ရပ်အပေါ် ဝမ်းနည်းမိကြောင်း ဖော်ပြခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရသိရသည်။

၂၀၀၉ခုနှစ် ၆၃ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသည်၊ အမေရိကန် အား ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဝင်အဖြစ် ပထမဆုံးအကြိမ် ရွေးချယ် ခဲ့သည်။ အမေရိကန်၏ ယခုအကြိမ်မြောက် လူ့အခွင့်အရေး ကောင်စီဝင်သက်တမ်းမှာ ၂၀၁၇ခုနှစ်မှ ၂၀၁၉ခုနှစ်အထိဖြစ်သည်ဟု သတင်းအရသိရသည်။

   Webradio