• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီးနှင့် ဒိန်း​မတ်​နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံ

(GMT+08:00) 2018-06-21 14:31:11

     တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ကော်မတီဝင်၊ ဗဟိုနိုင်ငံ ခြားရေးရာလုပ်ငန်းကော်မတီရုံးဥက္ကဌ ယန်ကျယ်ချီသည် ယခုလ ၂၀ ရက်နေ့က ပီကင်း တွင်ဆီနီဂေါနိုင်ငံခြားရေးဝန်ကြီးကာဘာ၊ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး ဆာမ်အလ်စိန်တို့ နှင့်အသီးသီးတွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ကာဘာနှင့်တွေ့ဆုံရာတွင် ယန်ကျယ်ချီက တရုတ်-ဆီနီဂေါနှစ်နိုင်ငံသည် ချစ်ကြည်ရေးအစီအလာရှိပြီး ယခုနှစ်များတွင် ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့်သမ္မတဆာတေတို့၏ ဦးဆောင်မှုဖြင့် နှစ်နိုင်ငံဆက်ဆံရေးသည် ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင် ရွက်ရေး မိတ်ဖက်ဆက်ဆံမှုကိုမြှင့်တင်ပါကြောင်းပြောကြားခဲ့သည်။

ဆာမ်အလ်စိန်နှင့်တွေ့ဆုံရာတွင် ယန်ကျယ်ချီက ယခုနှစ်များတွင် တရုတ်- ဒိန်းမတ်နှစ်နိုင်ငံခေါင်းဆောင်တို့ ဆက်ဆံမှုများပြားပြီး နိုင်ငံရေး၊ စီးပွါးရေး၊သိပ္ပံနည်းပညာ၊ ယဉ်ကျေးမှုစသည့်နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်ရေးအောင်မြင်မှု များစွာရရှိခဲ့ ကြောင်း ပြောကြားခဲ့သည်။

   Webradio