• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၅ကြိမ်မြောက်တရုတ်-တောင်အာရှကုန်စည်ပြပွဲ ကျင်းပပြီးစီး

(GMT+08:00) 2018-06-21 14:25:16

၅ကြိမ်မြောက်တရုတ်-တောင်အာရှကုန်စည်ပြပွဲ၊ ၂၅ကြိမ်မြောက်တရုတ် ကူမင်း သွင်းကုန် ပို့ကုန်ကုန်စည်ပြပွဲကို ယခုလ၂၀ရက်နေ့က အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ နိုင်ငံ၊ ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း၈၇ခု၊ ပြည်တွင်းပြည်ပလုပ်ငန်းကုမ္ပဏီ ၃၈၂၅ခုတို့သည် "Belt and Road တွင်ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်အကျိုးရှိစေရေးကိုတွန်းအားပေးရေး"ဆောင်ပုဒ်နှင့်ပတ်သက်၍ ပြပွဲနှင့် အစည်းအဝေးတွင် ပါဝငကာ နိုင်ငံစုံသံတမန်ရေး တွန်းအားပေးရေး၊ စီးပွားကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေးကို အားသစ်လောင်းပေးရေးနှင့် လူမှုယဉ်ကျေးမှုနယ်ပယ်တွင် ကူးလူးဖလှယ်မှုကို နက်ရှိုင်းစွာ ဆောင်ရွက်ရေးစသော နယ်ပယ်များ၌ အောင်မြင်မှုများစွာ ရရှိခဲ့ကြကြောင်း၊ ပဏာမစာရင်းအရ ယခုအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲအတွင်း စာချုပ်၄၅၆ခုကို ချုပ်ဆိုပြီး တန်ဖိုးစုစုပေါင်း တရုတ်ယွမ်ငွေ ၈၀၇.၉၃၇ဘီလီယံရှိကြောင်း သတင်းရရှိပါသည်။

   Webradio