• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည်၊ တရုတ် နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံကာကွယ်ရေး ဝန်ကြီး နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00) 2018-06-16 16:22:33

မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်၊ ယခုလ ၁၅ ရက်နေ့ ညနေပိုင်းက၊ နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတွင် တရုတ်နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီး ဝေ့ဖုန့်ဟိုနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စီအာအိုင်ကဖော်ပြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးခဲ့ရာ၌၊ ဝေ့ဖုန့်ဟိုက ဥက္ကဋ္ဌ ရှီကျင့်ဖိန် နှင့် ဝန်ကြီးချုပ် လီခဲ့ချန် တို့မှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကောင်းမွန်သော ဆုတောင်းမေတ္တာ ကို တစ်ဆင့်ပြောကြားပေးခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း ခင်မင်ရင်းနှီးစွာ ပြန်လည် မေးမြန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မြန်မာ-တရုတ် နှစ်နိုင်ငံသည် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြပြီး၊  နှစ်နိုင်ငံ ချစ်ကြည်ရေးမှာ ရှေးဝေဏီမှ တည်ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေနှင့် တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ဦးဆောင်မှုအရ ရရှိသည့် ထူးချွန်သော အောင်မြင်မှုများကို တန်ဖိုးထားချီးကျူးပြီး၊ မြန်မာစီးပွားရေး တည်ဆောက်မှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် တရုတ်၏ ကာလတစ်လျှောက် ခိုင်မြဲစွာ ထောက်ခံအားပေးခြင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio