• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံတကာ မိသားစုကြီးသည် ရှန်ဟိုင်းစိတ်ဓါတ်ကို ချီးကျူး

(GMT+08:00) 2018-06-14 12:51:54

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီး အစည်းအဝေးကို ယခုလ ၁၀ ရက်နေ့က ချင်းတောင် မြို့၌ ကျင်းပခဲ့ရာ အစည်းအဝေးတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မိန့်ခွန်းများ ပြောကြားခဲ့ပါသည်။

ယနေ့ ကာဇက်စတန် သတင်းဌာနမှ အယ်ဒီတာချုပ် ကူဗာတော်ဖှ်က၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော ရှန်ဟိုင်းစိတ်ဓါတ်သည် တန်ဖိုး အကဲဖြတ် အမြင် တစ်ရပ် ဖြစ်ပြီး ရှန်ဟိုင်း အဖွဲ့ဝင်နိုင်ငံများ အကြား အပြန်အလှန် ယုံကြည်ရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး စိတ်ဓါတ် ထွန်းကားလာရန် တင်ပြထားကြောင်း ပြောကြားပါသည်။

အိန္ဒိယ နီဟ်ရူ တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ကောလိပ်မှ ပါမောက္ခ၊ နိုင်ငံတကာ ရေးရာ ပါရဂူ ဇင်ဂ်က၊ ယခု အိန္ဒိယနှင့် ပါကစ္စတန်တို့သည် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့တွင် ပါဝင်ထားပြီ ဖြစ်ပြီး အပြန်အလှန် ယုံကြည်ရေးနှင့် အပြန်အလှန် လေးစားရေး ရှန်ဟိုင်းစိတ်ဓါတ်အရ တိုင်ပင်ဆွေးနွေးမှုများကို ပြန်လည် ပြုလုပ်နေပြီ ဖြစ်ကြောင်း၊ ရှန်ဟိုင်း စိတ်ဓါတ်သည် မူဘောင်နှင့် မူ ကို ချမှတ်ပြီး ဆက်ဆံမှု မကောင်းသော နှစ်နိုင်ငံ အကြား ဆွေးနွေးပွဲ ပြန်လည် ပြုလုပ်ရန်ကို ကူညီပေးနိုင်သည်ဟု မိမိတို့ တွေ့မြင်ပါကြောင်း ပြောကြားပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် မိန့်ခွန်း ပြောကြားရာတွင်၊ အမျိုးအစားသစ် ဖွံ့ဖြိုးရေး အတွေးအခေါ်၊ လုံခြုံရေး အတွေးအခေါ်၊ ပူးပေါင်းဆောင်ရွက်ရေး အတွေးအခေါ်၊ ယဉ်ကျေးမှု အတွေးအခေါ်နှင့် နိုင်ငံတကာ စီမံခန့်ခွဲရေး အတွေးအခေါ် ၅ ရပ်ကို တင်ပြခဲ့ပါသည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများ ရေးရာ သုတေသနဌာနမှ အတွင်းရေးမှူးချုပ် တိန့်ဟောင်က၊ ယင်းသည် ရှန်ဟိုင်းစိတ်ဓါတ်၏ တိုးတက်မှုသစ် တစ်ရပ် ဖြစ်ပြီး ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ခြင်း တစ်ရပ်လည်း ဖြစ်ကြောင်း ပြောကြားပါသည်။

ချင်းတောင် ကြေညာစာတမ်းတွင်၊ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံတကာ စီမံခန့်ခွဲရေး စည်းနစ် ပိုမို ပြည့်စုံ ကောင်းမွန်စေရန်ကို ထောက်ခံပြီး ယင်းအတွက် ကုလသမဂ္ဂ၏ အမြုတေကျ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို ထောက်ခံကြောင်း ရေးသားဖေါ်ပြ ထားပါသည်။ ယင်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အမြဲတမ်း ဒုအတွင်းရေးမှူးချုပ် မူဟာမက်က၊ လွန်ခဲ့သည့်နှစ်များအတွင်း ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် ကုလသမဂ္ဂတို့၏ ပူးပေါင်းဆောင်ရွက်မှုများသည် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ပေါ်၌် အခြေခံထားကြောင်း ပြောကြားပါသည်။

ကမ္ဘာ့ရန်ပုံငွေအဖွဲ့ အာရှနှင့် ပစိဖိတ်ရေးရာ ညွှန်ကြားရေးမှူးချုပ် လီချမ်ယုံက၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ညှိနှိုင်းဆောင်ရွက်မှုနှင့် ကဏ္ဍစုံ သက်ညှာထောက်ထားမှု၏ အရေးကြီးပုံနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကံကြမ္မာ အသိုကအဝန်း လက်တွဲ တည်ထောင်ခြင်း အကြောင်းကို ပြောကြားခဲ့ကြောင်း၊ ယင်းသည် အတူ တိုင်ပင် အတူ မျှဝေ ခံစာရေး ပါဝင်သော နိုင်ငံတကာ စီမံခန့်ခွဲရေး အတွက် အတွေးအခေါ်သစ်များကို ဖန်တီးပေးလိုက်ကြောင်း ပြောကြားပါသည်။

ချင်းတောင် ကျေညာစာတမ်းတွင် လူသား ကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ် ချမှတ်ခြင်းသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွက် ဖွံ့ဖြိုးတိုးတက်ရန် ဦးတည်ချက်နှင့် ကြိုးပမ်းဆောင်ရွက်ရန် ရည်မှန်းချက်သစ်ကို ဆောင်ကျဉ်းပေးလိုက်ပါသည်။

   Webradio