• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်သည် တရုတ်နှင့် ချစ်ကြည်ရေးဆက်ဆံမှုနှင့် ရင်းနှီးသောပူးပေါင်းဆောင်ရွက်မှုကို မြတ်နိုးစွာတန်ဖိုးထားသည်ဟု တရုတ်နိုင်ငံဆိုင်ရာဖိလစ်ပိုင်သံအမတ်ကြီးဆို

(GMT+08:00) 2018-06-14 11:20:03

တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး စန်တီရာဂိုရိုမာနာက ဖိလစ်ပိုင်-တရုတ်နှစ်နိုင်ငံဆက်ဆံရေးသည် လွန်ခဲ့သည့်နှစ်များအတွင်း ရရှိခဲ့သော တိုးတက်မှုမှာ ဖိလစ်ပိုင် ယခုအကြိမ်အစိုးရ ကိုယ်ပိုင်ဆုံးဖြတ်ရေး နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးသည့် အောင်ကျိုးရလဒ်တစ်ခုဖြစ်ကြောင်း၊ ဖိလစ်ပိုင်အနေဖြင့် တရုတ်နှင့် ချစ်ကြည်ရေးဆက်ဆံမှုနှင့် ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို မြတ်နိုးစွာ တန်ဖိုးထား ကြောင်း ယခုလ ၁၂ ရက်နေ့က ဘေကျင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရသည်။

ဇွန်လ ၁၂ ရက်နေ့သည် ဖိလစ်ပိုင်လွတ်လပ်ရေးရရှိသည့် နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည်။ သံအမတ်ကြီးစန်တီရာဂိုရိုမာနာသည် တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံရုံး၌ ကျင်းပသော ဧည့်ခံပွဲတွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး ခွန်ယုတ်ရွှမ်လည်း ဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်ဟု သိရသည်။

   Webradio