• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရန် ရှီကျင့်ဖိန်၏ အဆိုပြုချက်မှာ ချီးကျူးမှုများ ရရှိ

(GMT+08:00) 2018-06-11 09:25:42

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ ကောင်စီ ၁၈ ကြိမ်မြောက် အစည်းအဝေးကို ယခုလ ၁၀ ရက်နေ့က ချင်းတောင်မြို့၌ ကျင်းပ ပြီးစီးခဲ့ပါသည်။ အစည်းအဝေးတွင် တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းစိတ်ဓါတ် ထွန်းကားအောင် ဆောင်ရွက်ပြီး ကံကြမ္မာ အသိုက်အဝန်းကို တည်ထောင်ခြင်း ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောကြားပါသည်။

ပါကစ္စတန် ဘန်ဂျာဘူ တက္ကသိုလ် နိုင်ငံရေးဌာန ဌာနမှူး အမ်ဂျာဒ် အာဘာ့စ်က၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကံကြမ္မာ အသိုက်အဝန်း အတွေးအခေါ်သည် အဖွဲ့ဝင်နိုင်ငံများ၏ အနာဂတ် ပူးပေါင်းဆောင်ရွက်ရေးအတွက် လမ်းညွှန်ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

တရုတ်နိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး ပန်ဘောင်လေက၊ အိန္ဒိယသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး မူဘောင်အတွင်း ပိုမို အရေးကြီး အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက် နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

   Webradio