• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပူတင်သည် ရုရှား-တရုတ် ဆက်ဆံမှု အကြောင်း ပြောကြား၊ ရှီကျင့်ဖိန်သည် အားကိုးရသော မိတ်ဆွေကောင်း ဖြစ်သည်ဟု ချီးကျူး

(GMT+08:00) 2018-06-06 10:19:21

ရန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ ချင်းတောင် ထိပ်သီးအစည်းအဝေး တက်ရောက်ခါနီးနှင့် တရုတ်ပြည်သို့ တရားဝင် ခရီး လှည့်လည်ခါနီး အခါသမယတွင် ရုရှား သမ္မတ ပူတင်သည် မေလ ၃၁ ရက်နေ့က တရုတ် မီဒီယာ အုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံနှင့် အင်တာဗျူး ပြုလုပ်ခဲ့ပါသည်။

ရှင့်ဟိုင်ရှုံက၊ လေးစားအပ်သော သမ္မတ ပူတင် ခင်ဗျား၊ တရုတ် မီဒီယာ အုပ်စု၏ အင်တာဗျူးကို လက်ခံသည့် အတွက် အများကြီး ကျေးဇူးတင်ရှိပါကြောင်း ပြောပြီး အင်တာဗျူး စတင်ခဲ့ပါသည်။

ယင်းသည် မေလ အစဦးပိုင်းက ပူတင်သည် သမ္မတ ရာထူး ဆက်လက် ထမ်းဆောင် ခဲ့သည့် နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံခြား မီဒီယာ၏ အင်တာဗျူးကို လက်ခံပြုလုပ်ခြင်း ဖြစ်ပြီး ၄င်းက ပထမဆုံးအကြိမ် အဖြစ် ကရင်မလင် နန်းတော်၌ တရုတ်မီဒီယာ၏ အင်တာဗျူးကို လက်ခံ ပြုလုပ်ခြင်းလည်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပူတင်က၊ ရုရှားသည် တရုတ်ပြည်နှင့် အားကိုးရသော မိတ်ဖက်ဆက်ဆံမှု၊ မဟာမိတ် နှင့် မိတ်ဆွေ ဆက်ဆံမှုကို လွန်စွာ အလေးထားကြောင်း၊ အိမ်နီးချင်းနိုင်ငံများ အဖြစ်ဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် အပြန်အလှန် အကျိုးရှိစေရေး အခြေခံပေါ်တွင် ကမ္ဘာပေါ်၌ တစ်ခုတည်းသော ဆက်ဆံမှုမျိုးကို ထားရှိလိုက်ကြောင်း၊ ၂၀၀၁ ခုနှစ် နှစ်နိုင်ငံတို့ ချုပ်ဆို ခဲ့သော အိမ်နီးချင်းကောင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်သည် ယနေ့ နှစ်နိုင်ငံ ဆက်ဆံမှု အတွက် အခြေခံအုတ်မြစ် ချပေးထားကြောင်း၊ နိုင်ငံတော် တည်ထောင်ရေးနှင့် ပြည်သူပြည်သားများဆိုင်ရာ သဘောတူညီမှုများသည် နှစ်နိုင်ငံကို ဆက်နွှယ်ထားပါကြောင်း ပြောကြားပါသည်။

 ပူတင်က၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ညီလာခံမှာ ပြောသလို ဘာက အရေးအကြီးဆုံး ဖြစ်သလဲ၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ပြည်သူပြည်သားများရဲ့ နေထိုင်မှု ဘဝ တိုးမြှင့်တာ အရေးအကြီးဆုံးလို့ ပြောတယ်။ ရည်မှန်းချက် ထမြောက်ဖို့ နည်းလမ်း များစွာ ရှိတယ်၊ ဒါပေမယ့် ရည်မှန်းချက်ဟာ တူညီတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ ကျွန်တော်တို့ ပြည်သူပြည်သားများရဲ့ နေထိုင်မှု ဘဝကို တိုးမြှင့်ဖို့ လွဲလို့ တခြားသော ရည်မှန်းချက် မရှိဘူးလို့ ပြောကြားပါသည်။

ယခုနှစ်သည် တရုတ်ပြည်၏ Belt and Road ကမ်းလှမ်းချက် တင်ပြခဲ့သည့် ၅ နှစ်ပြည့် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် မေလက တရုတ်နှင့် ရုရှား ထိပ်သီး ခေါင်းဆောင်တို့သည် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး တရုတ်ပြည်၏ Belt and Road ကမ်းလှမ်းချက်နှင့် ရုရှား၏ ဥရောပ-အာရှ စီးပွါးရေး မဟာမိတ် အစီအစဉ်ကို ဆက်နွှယ်ရေး ဖြစ်စဉ်ကို စတင် လုပ်ဆောင် ခဲ့ပါသည်။ ယခုအကြိမ် အင်တာဗျူးတွင် ပူတင်က တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော Belt and Road ကမ်းလှမ်းချက်ကို မြင့်မားစွာ ချီးကျူးပြီး၊ ယင်းသည် အကျိုးသက်ရောက်မှု ရှိသည့်၊ အရေးကြီးသည့်၊ ရှေ့အလားအလာ ကောင်းမွန်သည့် ကမ်းလှမ်းချက် တစ်ရပ် ဖြစ်သည်ဟု ယူဆပါသည်။ ၄င်းက၊ ရုရှားသည် ယင်း ကမ်းလှမ်းချက်ကို တလျှောက်လုံး အားပေးထောက်ခံကြောင်း၊ ရုရှား-တရုတ် ဖွံ့ဖြိုးရေး မဟာဗျူဟာ ဆက်နွှယ်ခြင်းသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အလားအလာကို တစ်ဆင့်တိုး နက်ရှိုင်းလာစေပါကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် နှစ်နိုင်ငံ၏ သွင်းကုန် ပို့ကုန် စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၈၇ ဘီလီယံ ရှိပြီး ကောင်းမွန်စွာ တိုးတက် လာနေကြောင်း ပြောကြားပါသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ချင်းတောင် ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီး ပူတင်က၊ ယင်းသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် တိုးချဲ့ခဲ့သည့် နောက်ပိုင်း ကျင်းပသော ပထမဆုံးအကြိမ် ထိပ်သီးခေါင်းဆောင်များကောင်စီ အစည်းအဝေး ဖြစ်ကြောင်း၊ အဖွဲ့ဝင် တိုးချဲ့ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်း ဖြစ်လာပြီ ဖြစ်ပြီး မိမိသည် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ အပေါ် ယုံကြည်စိတ် အပြည့်အဝ ရှိပါကြောင်း ပြောကြားပါသည်။

ပူတင်က၊ ကျွန်တော်တို့ဟာ တခြားနိုင်ငံများနဲ့ ပြိုင်ဘက် ပြုဖို့ အတွက် မဟုတ်ဘဲ၊ ကျွန်တော်တို့ နိုင်ငံ အချင်းချင်းအကြား၊ အခြားသော နိုင်ငံ အချင်းချင်းအကြား လုံခြုံမှုနဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို အာမခံပေးဖို့ အတွက်ပဲ ဖြစ်တယ်၊ ပူးပေါင်း ဆောင်ရွက်မှုများအတွက် လိုအပ်သော အခြေအနေကို ဖန်တီးပေးဖို့ ဖြစ်တယ်။ အဲဒီ နိုင်ငံများ၏ အားကောင်းသော အင်အားများကို စုစည်းခြင်းဟာ ကျွန်တော်တို့ ကိုယ်တိုင် ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အရေးကြီး အကြောင်းရပ်တွေ ဖြစ်လာနိုင်မှာ ဖြစ်တဲ့အပြင် နိုင်ငံတကာ အခြေအနေ အပေါ် သြဇာသက်ရောက်နိုင်မယ့် အကြောင်းရပ်တွေလည်း ဖြစ်သွားမှာ ဖြစ်တယ်လို့ ပြောကြားပါသည်။

ပူတင်က၊ ရှီကျင့်ဖိန်သည်  တစ်ဦးတည်းသော မိမိကို မွေးနေ့ ထောမနာ ပြုသည့် နိုင်ငံတော် ခေါင်းဆောင် ဖြစ်ပြီး မိမိ အဖို့ ရှီကျင့်ဖိန်သည် သင့်တော်သည့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နှင့် အားကိုးရသော မိတ်ဆွေ တစ်ဦး ဖြစ်သည်ဟု လည်း ပြောကြားပါသည်။ ပူတင်က၊ အဲဒီအခါ တစ်ရက် အလုပ် ပြီးဆုံး ပြီးနောက် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ ကျွန်တော်နဲ့အတူ မွေးနေ့ပါတီ အတူတူ နွှဲပျော်ကြတယ်။ သူဟာ ခင်မင် ရင်းနှီးပြီး ရိုးသားဖြောင့်မတ်ကာ တစ်ချိန်တည်းမှာ အင်မတန် အားကိုးရတဲ့ အဖေါ် တစ်ဦးလဲ ဖြစ်တယ်လို့ ပြောကြားပါသည်။

စီအာအိုင် အသံလွှင့်ဌာနသည် တရုတ်-ရုရှား မီဒီယာသစ် အစီအစဉ်တွင် မည်သူက ပူတင်၏ ဖန့် ဖြစ်သနည်း ဟူသော လှုပ်ရှားမှုကို ပြုလုပ်နေပြီး၊ သီတင်းပတ် တစ်ပတ် အတွင်း တရုတ်ပြည်မှ အင်တာနက်သုံးသူ ၁၀ သန်းကျော် ယင်းလှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ တရုတ် မီဒီယာအုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံသည် တရုတ် အင်တာနက် အသုံးသူများ ကိုယ်စား ပူတင်အား စိတ်ဝင်စားဘွယ်ရာ မေးခွန်းများကို မေးမြန်းခဲ့ပါသည်။  

သမ္မတရဲ့ အမြင်အရ၊ ဘယ်ဘောလုံးအသင်းက ဒီအကြိမ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်နိုင်မလဲလို့ မေးတဲ့ အခါ ပူတင်က၊ အဲဒါကို ပြောဘို့ ခက်တယ်လေ၊ နိုင်ငံ တော်တော်များများ ချန်ပီယံ ဖြစ်နိုင်တယ်။ လက်တင်အမေရိကမှာ အာဂျင်တီးနားနဲ့ ဘရာဇီး အသင်း ထင်တယ်လို့ ဖြေဆိုခဲ့ပါသည်။

   Webradio