• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ရှေ့နေရုံးများ အရွယ်မရောက်သူများအား ရည်စူးသော ပြစ်မှုကျူးလွန်မှုများကို ကြိုတင်ကာကွယ် အရေးယူနေ

(GMT+08:00) 2018-05-30 09:35:16

တရုတ် ပြည်သူ့ရှေ့နေရုံးချုပ်သည် ယခုလ ၂၉ ရက်နေ့က အရွယ်မရောက်သူများအား ထိန်းသိမ်းကာကွယ်မှု အားဖြည့်ဆောင်ရွက်ရေး လုပ်ငန်းဆိုင်ရာ အခြေအနေများကို ထုတ်ပြန်ခဲ့ပါသည်။

သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်က၊  တရုတ် ရှေ့နေဌာနများသည် အရွယ်မရောက်သူများအား ရည်စူးသော ပြစ်မှုကျူးလွန်မှုများကို ဥပဒေနှင့်အညီ အရေးယူသည့် တစ်ချိန်တည်းတွင် ကြိုတင်ကာကွယ်ရေးနှင့် အရေးယူရေး ရေရှည်စနစ် တည်ထောင်ရန်ကိုလည်း တွန်းအားပေးနေသည်ဟု ပြောကြားပါသည်။

တရုတ်ပြည်သူ့ ရှေ့နေရုံးချုပ်သည် ယခုနှစ် ဖေဖေါ်ဝါရီလတွင် တရုတ် လူငယ် ကွန်မြူနစ်အဖွဲ့ ဗဟိုကော်မတီနှင့် အရွယ်မရောက်သူများ ဆိုင်ရာ ရှေ့နေလုပ်ငန်းများအား ရပ်ရွာများ ထောက်ခံရေး ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူစာချုပ်ကို ချုပ်ဆို ခဲ့ပြီ ဖြစ်ပြီး ပြည်သူတစ်ရပ်လုံး ဥပဒေနှင့်အညီ အရွယ်မရောက်သူများ ကာကွယ်ရေး စနစ် တည်ထောင်ရန်အတွက် အတွေ့အကြုံများ စုစည်းသွားမည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio