• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သိပံ္ပနည်းပညာ အင်အားတောင့်တင်းသောနိုင်ငံ ဖြစ်လာအောင် တည်ထောင်ရမည်ဟု ရှီကျင့်ဖိန် ဆို

(GMT+08:00) 2018-05-29 09:00:46

၁၉ ကြိမ် ကြိမ်မြောက် တရုတ် သိပံ္ပပညာ တံခွန်အသင်းကြီးမှ သုတေသီများ အစည်းအဝေးနှင့် ၁၄ ကြိမ်မြောက် တရုတ် အင်ဂျင်နီယာ တံခွန်အသင်းကြီးမှ သုတေသီများ အစည်းအဝေးကို ယခုလ ၂၈ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေး၌ မိန့်ခွန်း ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် ရှင်သန် ထွန်းကား လိုပါက သိပံ္ပနည်းပညာ ဖွံ့ဖြုး တိုးတက်ရေးကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ သိပံ္ပပညာရှင်များ အနေနှင့် တရုတ်နိုင်ငံကို သိပံ္ပနည်းပညာ အင်အား တောင့်တင်းသော နိုင်ငံ ဖြစ်လာအောင် ကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

တံခွန်အသင်းကြီး နှစ်ခုမှ သုတေသီ ၁၃၀၀ ကျော်၊ သက်ဆိုင်ရာ သိပံ္ပပညာ သုတေသနဌာနများမှ ကိုယ်စားလှယ်များ၊ ပါတီဗဟိုကော်မတီ၊ အစိုးရဌာနများနှင့် တပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

   Webradio