• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ငွေကြေးလုပ်ငန်း တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးခြင်းသည် နိုင်ငံခြား လုပ်ငန်း ကုမ္ပဏီများကို ဆွဲဆောင်

(GMT+08:00) 2018-05-18 15:26:22

တရုတ် ငွေကြေး လုပ်ငန်း တံခါးဖွင့်မှုကို အရှိန်မြှင့် ဆောင်ရွက်နေပြီး တရုတ် ငွေကြေး ဈေးကွက် တံခါးဖွင့်မှုမှ ရရှိသော အကျိုးအမြတ်နှင့် အခွင့်ကောင်းများ အပေါ် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများသည် မျက်ခြေမပြတ် အာရုံစိုက်နေကြကြောင်း၊ ငွေကြေး လုပ်ငန်း တံခါးဖွင့်မှုသည် အပြန်အလှန် အကျိုးရှိစေပြီး နှစ်ဖက်စလုံး အောင်မြင်မှု ရရှိစေနိုင်ကြောင်း၊ တစ်ဖက်က နိုင်ငံခြား ကုမ္ပဏီများကို ဆွဲဆောင်နိုင်ကြောင်း၊ နောက်တစ်ဖက် ကတော့ တရုတ်ပြည်သူများသည် အမေရိကန် ရင်းနှီးမြှုပ်နှံရေးဘဏ်၊ အာမခံရေး ကုမ္ပဏီများ အပါအဝင် ကမ္ဘာ့ ငွေကြေးလုပ်ငန်းမှ အရည်အသွေးကောင်းမွန်သည့် ဝန်ဆောင်မှုများ ပိုမို လွယ်ကူစွာ ရရှိနိုင်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းဌာနက ရေးသားဖော်ပြသည်။

မကြာခင်က ကျင်းပခဲ့သော ပိုအော် အာရှ ဖိုရမ် နှစ်ပတ်လည် အစည်းအဝေးတွင် တရုတ်ပြည်သည် ငွေကြေးလုပ်ငန်း တံခါးဖွင့်မှု တိုးချဲ့ကျင့်သုံးရေး ဆောင်ရွက်ချက်များကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ၄င်းဆောင်ရွက်ချက်များတွင် ဘဏ်၊ ငွေကြေးနှင့် ဓနဥစ္စာ စီမံခန့်ခွဲရေး ကုမ္ပဏီများ၏ နိုင်ငံခြား ရင်းနှီးငွေ ပိုင်ဆိုင်မှု အချိုးအစား ကန့်သတ်မှုကို ဖျက်သမ်းခြင်း၊ အစုရှယ်ယာ ကုမ္ပဏီ၊ ဖောင်ဒေးရှင်း စီမံခန့်ခွဲရေး ကုမ္ပဏီ၊ ကြိုတင် ရောင်းကုန် ကုမ္ပဏီနှင့် အသက်လုံခြုံမှု အာမခံရေး ကုမ္ပဏီများ၏ နိုင်ငံခြား အစုရှယ်ယာ ပိုင်ဆိုင်မှု အချိုးအစားကို ၅၁ရာခိုင်နှုန်း အထိ ရှိနိုင်အောင် သတ်မှတ်ခြင်း စသည်များ ပါဝင်ကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ တရုတ် ပြည်သူ့ တက္ကသိုလ် ဘဏ္ဍာရေးနှင့် ငွေကြေး ပညာ ကောလိပ် ဒုပါမောက္ခချုပ် ကျောက်ရှီးကျွင်းက ယင်းဆောင်ရွက်ချက်များသည် နိုင်ငံခြား ကုမ္ပဏီများ အတွက် ပိုမိုများပြားသော ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အခါများ ဖန်တီးပေးနေကြောင်း ပြောကြားသည်။

   Webradio