• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လျူဟို့သည် ကစ်ဇင်ဂါနှင့် အမေရိကန် လွှတ်တော် အမတ်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-05-17 12:25:57

အမေရိကန်၌ အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင် အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ်၊ တရုတ်-အမေရိကန် ဘက်စုံ စီးပွါးရေး ဆွေးနွေးပွဲ၏ တရုတ်ပြည်ဘက် ခေါင်းဆောင် လျူဟို့သည် ယခုလ ၁၆ ရက်နေ့က ဝါရှင်တန်၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ကစ်ဇင်ဂါ၊ အထက်လွှတ်တော် ယာယီ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ ဟာခ်ျနှင့် အောက်လွှတ်တော် ငွေကြေး စုဆောင်းရေး ကော်မတီ ဥက္ကဋ္ဌ ဘရေဒီ အပါအဝင် လွှတ်တော် အမတ်များနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ကစ်ဇင်ဂါနှင့် တွေ့ဆုံရာတွင် လျူဟို့သည် ကစ်ဇင်ဂါ၏ တရုတ်-အမေရိကန် ချစ်ကြည်ရေးအတွက် ရေရှည် ကြိုးပမ်းဆောင်ရွက်မှုများကို ချီးကျူးခဲ့ပါသည်။

အမေရိကန် လွှတ်တော် အမတ်များနှင့် တွေ့ဆုံရာတွင်၊ လျူဟို့က၊ နှစ်ဖက်တို့သည် စီးပွါးကုန်သွယ်ရေး ဆက်ဆံမှုတွင် ပြဿနာများကို ဘက်စုံ ပကတိကျကျ သဘော ထားရမည် ဖြစ်ကြောင်း၊ အပြန်အလှန် လေးစားပြီး အပြန်အလှန် အကျိုးရှိစေရေးမူဖြင့် သက်ဆိုင်ရာ ပြဿနာများကို သင့်လျော်စွာ ဖြေရှင်းရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio